images
UN
UN
မန္တလေးမြို့ရှိ ပဲဈေးကွက်တွင် ကုလားပဲဈေးနှုန်းကျဆင်းနေဟုဆို
သူရကို Tuesday, 18 September 2018
မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ပဲဈေးကွက်တွင်ကုလားပဲဈေး နှုန်းကျဆင်းနေပြီး ကုလားပဲနှင့် ပဲတီစိမ်းအရောင်းအဝယ်အေးနေ ကြောင်းသိရသည်။
မန္တလေးပဲဈေးကွက်တွင် ယခု လ ၁၆ ရက်က ကုလားပဲအုပ်စု အတွင်းမှ ထိုင်ဝမ်၊ ဠ၂ နှင့် ၉၂၉ ကုလားပဲအမျိုးအစားများသည် ပြီး ခဲ့သည့်အပတ်က သုံးတင်းဝင်တစ် အိတ် ကျပ် ၈၃ဝဝဝဝန်းကျင်ရှိရာမှ ယခုတစ်ပတ်၌ကျပ် ၇၄ဝဝဝ ဝန်း ကျင် အထိဈေးကျဆင်းသွားခဲ့ ကြောင်းသိရသည်။ ယခုတစ်ပတ် မန္တလေးပဲဈေးကွက်၌ ယခုလ ၁၆ ရက်ကမတ်ပဲနှင့်ပဲစင်းငုံသည် ဈေး အနည်းငယ်တက်ပြီးအရောင်းအဝယ် ပါးနေကြောင်း သိရသည်။
ထို့အပြင်ပြည်တွင်းသုံးအခြား ပဲများဖြစ်သော မြေထောက်ပဲ၊ ဗမာပဲကြီး၊ ပဲနီပြား၊ ထောပတ်ပဲ စသည့်ပဲအမျိုးအစားများကဈေး အနည်းငယ်တက်ပြီးပုံမှန်အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
မန္တလေးကုန်စည်ဒိုင်တွင် ပဲ မျိုးစုံအရောင်းအဝယ်နည်းနေသော် လည်း နှမ်းမျိုးစုံအရောင်းအဝယ် သွက်နေကြောင်း သိရသည်။