images
UN
UN
တိုင်ဖွန်းမုန်တိုင်းမန်းဂွတ် လျင်မြန်စွာအားလျော့နည်းလာဟုဆို
ကြယ်လေး Tuesday, 18 September 2018
တိုင်ဖွန်းမုန်တိုင်း မန်းဂွတ် (Typhoon Mangkhut)၏ နောက် ဆုံးအခြေအနေမှာ လျင်မြန်စွာ အား လျော့နည်းကျဆင်းလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်၏ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တိုင်းထွာ ချက်များ ထုတ်ပြန်ချက်အရ သိရ သည်။
Typhoon Mangkhut သည် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမှာ အနောက်မြောက်ဘက်ကို ရွေ့ လျားလာရင်း အောက်ခံ ဟိမဝန္တာ တောင်တန်း၏ အဆွယ်ကုန်းမြင့် နှင့်တောင်ကုန်းများကြောင့်လျင်မြန် စွာ အားလျော့နည်းကျဆင်းလာ နေပြီဖြစ်သည်။
မကြာမီ လေဖိအားနည်း ရပ်ဝန်းအဖြစ်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံသို့မရောက်မီ တရုတ် ပြည်တောင်ပိုင်း ကုန်းတွင်းပိုင်းမှာ ပင် အားပျော့ပျက်ပြယ်သွားမည် ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။