images
UN
UN
နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများချိတ်ဆက်နိုင်
Tuesday, 18 September 2018
ဗီယက်နမ်နိုင်ငံ Vietnam - Laos - Cambodia Association for Economic Cooperation Development - VILACAED မှ ဒုတိယဥက္ကဋ္ဌ Mr. Nguyen Thanh Hoan ဦးဆောင်သည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်၅ဝ ခန့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံသို့ လာရောက် မည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးကဏ္ဍ များအလိုက် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ်မှ ယနေ့ ကြေညာသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၁ ရက် နံနက် ၁ဝ နာရီ မှ ၁၂နာရီအထိ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယထပ် မင်္ဂလာ ခန်းမတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကဏ္ဍများမှာ ဆောက်လုပ်ရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း၊ပညာ ရေးအထောက်အကူပြုပစ္စည်းထုတ် လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊တိုင်းရင်းဆေး လုပ်ငန်း၊ အကြီးစားဆောက်လုပ် ရေးလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်း၊ အိမ်သုတ်ဆေးလုပ်ငန်း၊ မြို့ပြလျှပ်စစ်ဓာတ်အားပေးလုပ် ငန်း၊ ရေသန့်လုပ်ငန်း၊ တိုင်းရင်း ဆေးလုပ်ငန်း၊ ငှက်သိုက်လုပ်ငန်း၊ လုံခြုံရေးအဆင့်မြင့် သော့ထုတ် လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံစားသောက်ကုန် လုပ်ငန်း၊ ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်သည့် လုပ်ငန်းနှင့် ရာဘာလုပ်ငန်း အစရှိသည့် လုပ် ငန်းကဏ္ဍများနှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးကြမည် ဖြစ်သည်။