images
UN
UN
ဂရိတွင် ချဲလ်ဆီးပရိသတ်များ တိုက်ခိုက်ခံရ
Thursday, 20 September 2018
ပီအေအိုကေနှင့်ချဲလ်ဆီးတို့ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ပွဲစဉ် ကို အားပေးရန်ရောက်ရှိနေသော ချဲလ်ဆီးပရိသတ်များသည် ဒေသခံ ပရိသတ်များ၏တိုက်ခိုက်မှုခံခဲ့ရကြောင်း ဂရိအာဏာပိုင်များက အတည်ပြုချက်ထုတ်ပြန်ခဲ့သည်။ သက်ဆလိုနီကီမြို့လယ်တွင် ချဲလ်ဆီးပရိသတ်နှစ်ဦးကို ဒေသခံသုံးဦးက ဝိုင်းဝန်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိ ကြောင်းလည်း ဂရိရဲအဖွဲ့က ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော ချဲလ်ဆီးပရိသတ်များကို အရေးပေါ်ပြုစုကုသမှုပြုလုပ်ပေးခဲ့သော် လည်း ဆေးရုံတက်ရောက်ရသည့်အခြေအနေအထိ ရှိခဲ့ကြောင်းလည်း သိရသည်။ Ref ;AP