images
UN
UN
ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ အကြံပေးလုပ်ငန်း RICE မှ Talent Programme အတွက် သင်တန်းသားများ ဖိတ်ခေါ်
မေလွင် Friday, 21 September 2018
နည်းဗျူဟာကျသော ဆက် သွယ်ဆက်ဆံရေးဆိုင်ရာအကြံပေး (strategic communications consultancy) လုပ်ငန်းတစ်ခုဖြစ် သော RICE သည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်သော ၄င်း၏ဒုတိယအကြိမ် မြောက်လက်တွေ့ကျသောသင်တန်း အတွက် လျှောက်လွှာများကို ယမန်နေ့မှစ၍ စက်တင်ဘာ ၃ဝ ရက်အထိတင်နိုင်ပြီး နိုဝင်ဘာတွင် သင်တန်းစတင်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သော RICE Talent Programme (RICE Talent) သည် မြန်မာနိုင်ငံ တွင် Public Relations (PR) ကို လက်တွေ့လုပ်ကိုင်နေသောကုမ္ပဏီ မှ ဦးစီးဖွင့်လှစ်သည့်ပထမဆုံးသင် တန်းလည်းဖြစ်သည်။ သင်တန်း အနေဖြင့် မြန်မာနိုင်ငံမှ အရည် အချင်းရှိသော လူငယ်များကို လုပ်ငန်းနှင့် ပတ်သက်သော ကျွမ်း ကျင်မှုများရရှိစေရေး ပြုစုပျိုး ထောင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ အတွင်း ကျွမ်းကျင်သော ဆက် သွယ်ဆက်ဆံရေး (ommunic- ations)လုပ်ကိုင်နေသူများ လိုအပ် ချက်ကြီးထွားလာမှုကို တစ်ဖက် တစ်လမ်းမှ ကူညီဖြည့်ဆည်းပေး သွားနိုင်ရန် ရည်ရွယ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန (DICA) မှ ညွှန်ကြား ရေးမှူး ဦးမျိုးခိုင်ဦးက ''RICE ကနေပြီး အခုလိုသင်တန်းတွေ ပြုလုပ်ပြီး အရည်အချင်းရှိတဲ့မြန်မာ လူငယ်တွေကို မွေးထုတ်ပေးတာ ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းကနေအထောက် အပံ့ဖြစ်စေပါတယ်။ ဒီလိုသင်တန်း ကနေတစ်ဆင့် သင်တန်းသားတွေ ဟာ Public Relations ကဏ္ဍမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေတဲ့ ကျွမ်း ကျင်ပညာရှင်တွေဆီကအကြံဥာဏ် ကောင်း၊ အတွေ့အကြုံကောင်းတွေ ကို လေ့လာသင်ယူနိုင်ကြမယ်။ အဲဒါတွေကို အနာဂတ်အတွက် အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာ မှာ ပြန်လည် အသုံးချနိုင်ကြမှာဖြစ် ပါတယ်''ဟု ပြောသည်။
RICE Talent သို့ commu- nicatons ပိုင်းကို အသက်မွေးဝမ်း ကျောင်းတစ်ခုအနေဖြင့် လျှောက် လှမ်းရန်စိတ်ဆန္ဒပြင်းပြသောမြန်မာ လူငယ်များ တက်ရောက်နိုင်ပြီး Communications နှင့်ဘွဲ့ရရှိထား သူများ(သို့မဟုတ်) ၄င်းနှင့်ဆက် စပ်သောဘွဲ့ရရှိထားသူများ၊ မီဒီယာ များသို့မဟုတ် အေဂျင်စီများ(PR, Advertising, Digital)တို့တွင် ဝင် ရောက်လုပ်ကိုင်နေသူများ၊ ကုမ္ပဏီ များ၊အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်း များ၊အစိုးရမဟုတ်သောအဖွဲ့အစည်း များတွင် communications နှင့် ဆက်စပ်သောနေရာများ၌ လုပ် ကိုင်နေကြသူများသည် RICE Talent Programme သို့ လျှောက် ထားနိုင်ကြသည်။
သင်တန်းတက်ရောက်ရန် အတွက် စိတ်ဝင်စားသူများသည် မိမိတို့၏ ကိုယ်ရေးအကျဉ်းနှင့် သင်တန်းသို့ တက်ရောက်ရန် မည် သည့်အတွက်ကြောင့် စိတ်ဝင်စား သည်ဖြစ်ကြောင်းရေးသားထားသည့် စာတို့အား telant@ ricecomms. com သို့ စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား၍ အီးမေးလ်ပေးပို့ ပေးရမည်ဖြစ်သည်။
ဆန်ခါတင်ရွေးချယ်ခံရသူများ အား ၄င်းတို့အတွက်လိုအပ်ချက် များ၊ ရွေးချယ်မှုအဆင့်ဆင့် အကြောင်းနှင့် လူတွေ့အင်တာဗျူး မည့်ရက်တို့ကို အောက်တိုဘာ ၁ ရက်မှစတင်၍အီးမေးလ်မှတစ်ဆင့် အကြောင်းပြန်သွားမည်ဖြစ်သည်။လူတွေ့စစ်ဆေးသည့်အင်တာဗျူး ကို အောက်တိုဘာ အစောပိုင်းမှ စတင်၍ ပြုလုပ်မည်ဖြစ်ကာ သင် တန်းသို့ တက်ရောက်ရန် ထိုက် တန်သော သင်တန်းသား ၂ဝ ကို ထုတ်နုတ်ပြီး အောက်တိုဘာလ ကုန်နောက်ဆုံးထား၍ သင်တန်းသို့ တက်ရောက်ရန် အကြောင်းပြန် သွားမည်ဖြစ်သည်။