images
UN
UN
နိုင်ငံတော်အစိုးရစစ်ဘက်နှင့်NLD ပါတီတို့အား အလွဲသုံးစားပြုပြီး အယောင်ဆောင်မှု ငွေကြေးအဓမ္မတောင်းခံမှုနှင့် လူကုန်ကူးရောင်းစားရန်ကြံစည်အားထုတ်မှုပြုခဲ့သူများကိုဥပဒေနှင့်အညီထိရောက်စွာအရေးယူပေးပါရန်တိုင်ကြား
Friday, 21 September 2018
နိုင်ငံတော်အစိုးရ စစ်ဘက် နှင့် NLD ပါတီတို့အား အလွဲသုံး စားပြုပြီး အယောင်ဆောင်မှု၊ ငွေ ကြေးအဓမ္မတောင်းခံမှုနှင့် လူကုန် ကူးရောင်းစားရန်ကြံစည်အားထုတ် မှု ပြုခဲ့သူ မြို့နယ် NLD (EC) တာဝန်ခံဟုဆိုသူ ဒေါ်ချယ်ရီဝင်း နှင့် ပါဝင်ကူညီခဲ့သူ ဒေါ်အုန်းမြ (ကျေးရွာ NLD တာဝန်ခံ) တို့အား ဥပဒေနှင့်အညီထိရောက်စွာ အရေး ယူပေးပါရန်နှင့် မြို့မရဲစခန်းမှ ရဲအုပ်စရန်နိုင်စိုးနှင့်စုံခုံအဖွဲ့ဝင်များ အား အဂတိလိုက်စားမှု၊ တာဝန် ဝတ္တရားပေါ့လျော့မှုတို့ဖြင့် ထိ ရောက်ပြင်းထန်စွာ အရေးယူပေး ပါရန် နိုင်ငံတော်သမ္မတရုံး၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့၊အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ တိုင်ကြားထား ကြောင်း သိရသည်။
အဆိုပါတိုင်ကြားစာကို ပြင်ဦး လွင်မြို့နယ်မြေပုံကျေးရွာအုပ်စု ရွှေ ချောင်းကျေးရွာနေတောင်သူများ ဖြစ်ကြသောမဇာခြည်လင်း၏ဖခင် ဦးမြထွန်း၊မိခင်ဒေါ်နိုင်နှင့်မဝေဝေ အောင်၏ဖခင်ဦးမြကွန်း၊မိခင်ဒေါ်ရွှေ ရည်တို့ကတိုင်ကြားခြင်းဖြစ်သည်။
ထိုသို့တိုင်ကြားရာတွင် ပြင် ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (ဂ) နေ ဒေါ်ချယ်ရီနှင့် မြေပုံကျေးရွာ အုပ်စု ရွှေချောင်းကျေးရွာနေ ဒေါ် အုန်းမြတို့နှစ်ဦးသည်၁၅-၆-၂ဝ၁၈ နေ့ကကျွန်တော်ဦးမြကွန်းနှင့်ကျွန်မ ဒေါ်ရွှေရည်တို့၏ နေအိမ်သို့ လည်းကောင်း၊၂၂-၆-၂ဝ၁၈ နေ့တွင် ကျွန်တော် ဦးမြထွန်းနှင့် ကျွန်မ ဒေါ်နိုင်တို့၏အိမ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး သမီးများဖြစ်သော မဝေဝေအောင်နှင့် မဇာခြည်လင်း တို့နှစ်ဦးအား ရန်ကုန်မြို့ မင်္ဂလာဒုံ တွင် စစ်သူနာပြုအလုပ်သွင်းပေး မည်ဟုပြောဆို၍ သမီးနှစ်ယောက် သာမက မိဘများကိုပါ ယုံကြည် စွာပြောဆို စည်းရုံးခြင်းသည် နိုင်ငံ တော်နှင့် စစ်ဘက်ဆိုင်ရာတို့ကို အလွဲသုံးစားပြုရာရောက်ကြောင်း၊ မသိနားမလည်သော ရိုးသားတဲ့ ကျေးလက်နေ ပြည်သူများအပေါ် လိမ်လည်ရာရောက်ကြောင်း၊ တစ် ရွာတည်းနေဒေါ်အုန်းမြ (ကျေးရွာ NLD တာဝန်ခံ)ကလည်း တစ်ရွာ တည်းနေသူအချင်းချင်း သားသမီး ချင်း ကိုယ်ချင်းစာလိမ့်မည်ဟု ယုံကြည်ခဲ့၍ ၄င်းတို့နှစ်ဦး ရှာဖွေ ပေးခဲ့သော အလုပ်အကိုင်အား ယုံကြည်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို လုပ်ရပ်သည် NLD ပါတီအား အလွဲသုံးစားပြုရာရောက်ကြောင်း၊ အမှန်မှာ ဒေါ်ချယ်ရီသည် တရား ဝင်ပါတီဝင်မဟုတ်ကြောင်း၊မြို့နယ် တာဝန်ခံဟု ပြောဆိုသုံးစွဲခြင်းသည် အယောင်ဆောင်တာဖြစ်ကြောင်း ပွင့်လင်းရိုးသားစွာတင်ပြတိုင်ကြား အပ်ပါကြောင်း ဖော်ပြထားသည်။
ဒေါ်ချယ်ရီနှင့် ဒေါ်အုန်းမြတို့ နှစ်ဦးမှာ သမီးနှစ်ယောက်အား အလုပ်ရှာပေးရာတွင် အကျိုး ဆောင်ခဆိုပြီး သမီးတစ်ဦးလျှင် ကျပ်ခြောက်သိန်းနှုန်းဖြင့် နှစ်ဦး စာ ကျပ် ၁၂ သိန်းကို ဒေါ်ချယ်ရီ ထံ ၁၈-၆-၂ဝ၁၈ နေ့တွင် သမီး မဝေဝေအောင်အတွက် ငွေခြောက် သိန်းကို ကျွန်တော် ဦးမြကွန်း၊ ဒေါ်အုန်းမြသားဖြစ်သူ မောင်သန်း စိုးဦးနှင့် သမီးမဝေဝေအောင်တို့မှ ဒေါ်ချယ်ရီအိမ်၌ ပေးအပ်ခဲ့ပါ သည်။၂၄-၆-၂ဝ၁၈ နေ့တွင်သမီး မဇာခြည်လင်းအတွက် ငွေကျပ် ခြောက်သိန်းကို ကျွန်မဒေါ်နိုင် နှင့်ဒေါ်အုန်းမြတို့ ဒေါ်ချယ်ရီအိမ်၌ ပေးအပ်ခဲ့သည်။ သမီးတွေအတွက် မွန်မြတ်သန့်စင်တဲ့ ယခုလို အလုပ် မျိုးကို ကူညီရှာဖွေဆောင်ရွက်ပေး သည့်အတွက် ဒီထက်မက ကျေး ဇူးဆပ်ပါမည်ဟု ပြောသော်လည်း လုံးဝလက်မခံဘဲ ငွေကျပ်၁၂ သိန်း ကိုသာအတင်းအဓမ္မတောင်းခံခြင်း၊ အလုပ်ဝင်တဲ့နေ့ဟုမပြောပါနဲ့ကျွန်မ တို့မြို့နယ် NLD (EC) အဖွဲ့က တာဝန်ခံလွှတ်လိုက်ရင် ဘယ်ဌာန မှ ခေါင်းရှောင်လို့ မရဘူး။ဘယ် ဌာနမှ မငြင်းရဲဘူး။ ရှင်တို့ဆီက ဒီ ၁၂ သိန်းက စစ်သူနာပြုစိစစ် ရွေးချယ်ရေးအဖွဲ့ကိုတစ်လုံးတစ်ခဲ တည်း တစ်ခါတည်းပေးရမယ်။ သူတို့လက်ထဲဒီငွေထည့်လိုက်တာ နဲ့ အလုပ်ကတစ်ခါတည်း ဝင်ရ မယ်။ဒီငွေကတော့အကြေွးထားလို့ မရဘူး။ ချက်ချင်းပေးရမယ်'' ဟု ပြောဆိုခြင်းသည်နိုင်ငံတော်အစိုးရ နှင့် စစ်ဘက်ဆိုင်ရာကို အလွဲသုံး စားပြုရာ၊ အယောင်ဆောင်ရာ၊ ငွေ ကြေးအဓမ္မတောင်းခံရာ ရောက် ကြောင်း ပွင့်လင်းရိုးသားစွာတင်ပြ တိုင်ကြားအပ်ပါကြောင်းဟုလည်း ဆက်လက်ဖော်ပြထားသည်။

၃ဝ-၆-၂ဝ၁၈နေ့တွင် ရန်ကုန် သို့ ကျွန်မဒေါ်နိုင်နှင့် သမီးမဇာ ခြည်လင်း၊ ဦးမြထွန်း၊ ဒေါ်ရွှေ ရည်၊ သမီးမဝေဝေအောင်၊ ဒေါ် ကြည်စိန်(ခွန်လိန်)၊ ဒေါ်အုန်းမြတို့ လိုက်ပါပြီး သီလရှင်ကျောင်းတွင် တည်းခိုရပါသည်။ ရန်ကုန်ရောက် ချိန်မှစ၍ ဒေါ်ချယ်ရီအား လုံးဝ အတွေ့မခံဘဲ ၄-၇-၂ဝ၁၈နေ့တွင် ဒေါ်ချယ်ရီမှ ဖုန်းဆက်ပြောကြား ရာတွင် ''ရှင်တို့ကလေး မိဘတွေ ကိုယ်တိုင် လိုက်လာလို့ ကန့်လန့် ကန့်လန့်ပါနေလို့ အလုပ်က ခန့်လို့ မရတော့ဘူး။ တကယ်ဆို မိဘ တွေမပါလာဘဲ ကလေးတွေချည်း ဆို အလုပ်တန်းသွင်းပေးဖို့ စီစဉ် ပြီးသား''ဟုလည်းကောင်း၊စတင် ပြောဆိုစဉ်က''အလုပ်လုပ်ကိုင်မည့် ကလေးမများသည်ရုပ်ရည်ချောမော လှပရမည့်အပြင် အိမ်ထောင်မရှိမှ လုပ်လို့ရမည်။ ပညာတတ်ဖို့မလို'' ဟု လည်းကောင်း၊ ၄-၇-၂ဝ၁၈ နေ့ ညနေ ၆ နာရီခန့်က ဖုန်းဖြင့် ''ဆရာဝန်လာတော့မယ်။ ကလေး တွေကို ပြင်ဆင်ထားလိုက်၊ ဆရာ ဝန်ကကလေးတွေနေဖို့ အခန်းသွား ရှင်းတယ်'' ဟုလည်းကောင်း၊ ဒေါ်ချယ်ရီ၏ ပြောဆိုချက်များမှာ သမီးနှစ်ဦးအား လူကုန်ကူးရောင်း စားရန် ကြံစည်အားထုတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်းဟုလည်း ကောင်း၊၂ဝ၁၈ ခုနှစ် ဇူလိုင်လထဲ တွင်ပြင်ဦးလွင်မြို့နယ် မြို့မရဲစခန်း သို့ အမှုဖွင့်ရာ ရဲအုပ်စရန်နိုင်စိုးက 'လူမကျန်ခဲ့သည့်အတွက် လူကုန် ကူးမှုမမြောက်'ဟု ပြောကြားချက် သည် သားသမီးချင်းကိုယ်ချင်း မစာ ပြောထွက်ခြင်းသည် အဂတိ လိုက်စားရာ ပေါ်လွင်ကြောင်း၊ နစ် နာသူပြည်သူများအပေါ် စေတနာ ဆင်းရဲခြင်း၊ မေတ္တာတရားခေါင်း ပါးခြင်း၊ ပြည်သူအပေါ်လိုက်နာရ မည့် ရဲကျင့်ဝတ် (၁ဝ)ပါးကို မသိ ခြင်းလားဟု ပွင့်လင်းရိုးသားစွာ တင်ပြတိုင်ကြားအပ်ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး စုံခုံစစ်ဆေး ရာတွင် လူကုန်ကူးမှု မမြောက် ကြောင်း၊ သို့ပေမယ့် လူကုန်ကူး ရောင်းစားရန် ကြံစည်အားထုတ်မှု မြောက်ခြင်းကို တစ်ဖက်တရားခံ ၏ မျက်နှာကိုကြည့်ပြီး အဂတိ လိုက်စားထားသည်မှာ ပေါ်လွင် ထင်ရှားကြောင်းဟုလည်းကောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၊ စစ်ဘက်နှင့် NLD ပါတီတို့အား အလွဲသုံးစားပြုပြီး အယောင် ဆောင်မှု၊ ငွေကြေးအဓမ္မတောင်းခံ မှု၊ လူကုန်ကူးရောင်းစားရန် ကြံ စည်အားထုတ်မှု ပြုခဲ့သူ မြို့နယ် NLD(EC) တာဝန်ခံဟုဆိုသူ ဒေါ်ချယ်ရီဝင်းနှင့် ပါဝင်ကူညီခဲ့သူ ဒေါ်အုန်းမြ (ကျေးရွာတာဝန်ခံ NLD ) တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးပါရန် နှင့် ပြင်ဦးလွင်မြို့နယ် မြို့မရဲစခန်း မှ ရဲအုပ် စရန်နိုင်စိုးနှင့် စုံခုံအဖွဲ့ ဝင်များအား အဂတိလိုက်စားမှု၊ တာဝန်ဝတ္တရားပေါ့လျော့မှုတို့ဖြင့် ပြည်သူများ ယုံကြည်ထိုက်သော၊ အားကိုးထိုက်သော၊ လေးစား ထိုက်သော သက်ဆိုင်ရာလူကြီး မင်းတို့က ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးပါရန် လေးစားရိုးသားစွာ တင်ပြတိုင် ကြားအပ်ပါကြောင်းဟု ပါရှိ ကြောင်း သတင်းရရှိပါသည်။