images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး မြင်းခြံမြို့သို့ရောက်စဉ် ရတနာရာမနှင့် သာသနဇောတိက ကျောင်းတိုက် များမှ တိုက်အုပ်ဆရာတော်များကိုဖူးမြော်
သုတ Friday, 21 September 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့ည ၇ နာရီခန့်ကမြင်းခြံမြို့သို့ရောက်ရှိစဉ် ရတနာ ရာမကျောင်းတိုက်တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ ဇောတိပါလနှင့်သာသနဇောတိကကျောင်း တိုက်တိုက်အုပ်ဆရာတော်ဘဒ္ဒန္တသူရိယတို့ အားဖူးမြော်ကြည်ညိုကန်တော့၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ပါတီဗဟို အလုပ်အမှုဆောင်များဖြစ်ကြသောမန္တလေး တိုင်းဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း မောင်နှင့် တိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင် ပါတီ ဥက္ကဋ္ဌဦးကျော်တင်နှင့်ခရိုင်ပါတီကော်မတီ ဝင်များ၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဒေါက်တာသန်းဝင်း၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုင်းအောင်ကြည်၊ မြင်း ခြံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ပါတီဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။