images
UN
UN
တောင်သူလယ်သမားများသီးနှံအရင်းသွင်းချိန် ရွှေပေါင်သူနှင့်ရွှေရောင်းရသူများသာများနေ
ကျော်ဌေး(ညောင်ဦး) Friday, 21 September 2018
ညောင်ဦးမြို့နယ် တောင်သူများ စိုက်ပျိုးရေးအတွက် အရင်း အနှီးလိုအပ်ချိန်တွင် ပခုက္ကူ၊ ညောင်ဦးမြို့ကြီးများ၌ ငွေရှိသည့် ပုဂ္ဂလိကငွေပိုင်ရှင်များထံမှ ရွှေထည်ပေါင်သူက ငွေအရင်း ကျပ် ၁ဝဝ လျှင် နှစ်ကျပ်အတိုးပေးရသည့် စနစ်ဖြင့်ငွေရှာ၍ အရင်းအနှီး ထည့်သွင်းနေရသည်ဟု တောင်သူများထံမှ သိရသည်။ ထိုသို့ရွှေ အပေါင်ထားအရင်းအနှီးသွင်းရာတွင် ရွှေချိန်အပေါ်မူတည်၍ ကာလ ပေါက်ဈေးတစ်ဝက်သာပေးရပြီး ယင်းရွှေထည်ပစ္စည်းကို ခြောက် လကြာမြင့်၍မရွေးနိုင်လျှင်အတိုးဆပ်စနစ်ဖြင့်ထုတ်ချေးပေးကြောင်း၊ နှစ်စဉ်ရွှေထည်ပေါင်နှံကာ သီးနှံစိုက်ပျိုး အရင်းအနှီးသွင်းသည့် တောင်သူများထံမှ သိရသည်။
''သာမန်အားဖြင့်တော့ အတိုးသက် သာတယ်လို့ပြောရမယ်။ သို့သော် ခြောက် လရှိလျှင်အတိုးသတ်ရပါက တောင်သူတွေ ရွှေပေါင်ငွေ အတိုးယူသူတွေမှာ နစ်နာစေ ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ လက်ဝယ်တွင်ရှိသည့် ရွှေနှင့်မလောက်ငှ သည့်အတွက် အသားလွတ်ပုဂ္ဂလိကထံမှ အတိုးယူရသေးတယ်။ရွှေထည်နဲ့ငွေတိုးယူ ပါက တစ်ရာယူလျှင် နှစ်ကျပ်အတိုးပေးရ တယ်။ အလွတ်အတိုးဆို တစ်ရာကျပ်ယူ လျှင် ခုနစ်ကျပ်အတိုးပေးရတယ်''ဟု တောင်သူတစ်ဦးကပြောသည်။''တောင်သူ တွေလည်း တစ်နှစ်လာလည်း အရင်းအနှီး သွင်းလိုက် တစ်နှစ်လာလည်း အရင်းအနှီး သွင်းလိုက်နဲ့ တောင်သူတွေ သီးနှံပေါ်လာ တော့ ဈေးကွက်ကနိမ့်ကျတယ်။ သီးနှံ မျိုးချချိန်မှာမျိုးဈေးက အထက်ဈေးနဲ့ဝယ်ရ တယ်။ အဲဒါကြောင့် တောင်သူတွေတစ် နှစ်ထက်တစ်နှစ် စီးပွားရေးအခြေအနေ ကလည်း နိမ့်ကျလာတယ်။ တောင်သူတွေ ကအဆင်ပြေတုန်းလေး ရွှေဝယ်ထားလိုက်၊ မရှိတော့လည်း ပေါင်လိုက်ရောင်းလိုက်နဲ့ ပေါ့''ဟုရွှေထည်ပေါင်ထားသူတစ်ဦးက လည်းပြောသည်။ ယခုနှစ်ပိုင်းများအတွင်း ရွှေဝယ်ယူသူနည်းပါးပြီး ရွှေရောင်းသူနှင့် ရွှေပေါင်သူများသာ ပေါများနေကြောင်း ရွှေဆိုင်ပိုင်ရှင်များကလည်း ပြောကြသည်။