images
UN
UN
အိန္ဒိယ-မြန်မာနယ်စပ်အကြားခိုက်ရန်ဖြစ်ပွားမှုမှာလူနှစ်ယောက်ပြဿနာ နိုင်ငံပြဿနာမဟုတ်ဟု အိန္ဒိယအရပ်ဘက်အဖွဲ့အစည်းပြော
သစ်တော် Friday, 21 September 2018
ယခုလ ၁၇ ရက်က အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁)ဂိတ်နှင့် (၂)ဂိတ်အကြား ပဲတန်းပေါက်အနီးခိုက်ရန်ဖြစ်ပွားမှုမှာ လူနှစ်ယောက်ပြဿနာဖြစ်ပြီးနိုင်ငံပြဿနာမဟုတ် ဟု ယနေ့ကျင်းပသည့် တမူးမြို့နှင့် မိုးရေးမြို့ အရပ် ဘက်အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေး ပွဲတွင် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းနယ်စပ် နှစ်နိုင်ငံရှိပြည်သူများ ငြိမ်းချမ်းသည့်ဒေသ ဖြစ်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာရန် အိန္ဒိယအရပ်ဘက်အဖွဲ့အစည်းမှ မိုဟန်ကပြော သည်။''ပြီးခဲ့တဲ့ လူနှစ်ယောက်ပြဿနာက နိုင်ငံပြဿနာမဟုတ်ဘူး။အဲဒါ ဒီပြဿနာ ကို နိုင်ငံပြဿနာလို့မယူဆကြပါနဲ့။ အဲဒီ ပြဿနာနဲ့ပတ်သက်လို့လည်း ဒီပွဲကိုအကုန် လုံးဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ဘာမှမရှိဘူးဆိုတာကိုကျွန်တော် တို့ပြတယ်။ နောက်ထပ် အကူအညီလိုအပ် ရင်လည်း ကျွန်တော်တို့ကိုပြောပါ။ ကျွန် တော်တို့လုပ်ပေးမယ်။ ဒီဘက်ကကြိုဆိုမှု အတွက်လည်း ကျွန်တော်တို့ သိပ်ဝမ်းသာ တယ်။ ဒါဟာ သမိုင်းမှာအဖွဲ့အစည်းနှစ်ခု ပထမဆုံးတွေ့ဆုံပွဲဖြစ်တဲ့အတွက် သိပ် ဝမ်းသာပါတယ်''ဟု ၄င်းကပြောသည်။
အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းနယ် စပ်နှစ်နိုင်ငံရှိ ပြည်သူများအတွက် ငြိမ်း ချမ်းသည့်ဒေသဖြစ်ရန်နှင့်အတူတကွယှဉ် တွဲနေနိုင်ရန် ချစ်ကြည်ရင်းနှီးမှုခိုင်မာစေ ရန် နှစ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို တမူးမြို့ရှိ အေပရယ် မွန်ခန်းမ၌ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တမူးလူငယ်ကွန်ရက်မှ ဦး ဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းနယ်စပ်ဒေသမှာ နှစ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်းတွေ ပထမဆုံး အကြိမ်လုပ်ဖြစ်ဖို့ ကြိုးစားကြတာပါ။ ရည် ရွယ်ချက်ကတော့ နယ်စပ်ဆိုပေမယ့် တစ် မြေတည်းမှာနေတဲ့အတွက်တစ်ဖက်နဲ့ တစ် ဖက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ချစ်ကြည် ရင်းနှီးစွာနေထိုင်ကြဖို့က အဓိကရည်ရွယ် ချက်တွေပါ။ တမူးမှာ ပထမဆုံးကျင်းပပြီး နောက်လည်း ဆက်ပြီး သူတို့ဘက်မှာလည်း ကျင်းပ၊ ကျွန်တော်တို့ဘက်ကလည်း ကျင်းပမယ်ဆိုရင်နှစ်နိုင်ငံရင်းနှီးမှုတွေရ လာမယ်။ လူငယ်များ မူးယစ်ဆေးဝါး ပြဿနာနှင့် အခြားလူမှုပြဿနာများအဖြေ ရှာဆောင်ရွက်ကြမယ်လို့'' တမူးလူငယ် ကွန်ရက်က ကိုအောင်သူချမ်းက ယခုလို ပြောသည်။
ဒီနေ့ကျင်းပတဲ့နှစ်နိုင်ငံအရပ်ဘက် အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်အား တမူး လူငယ်အဖွဲ့က ကိုအောင်သူချမ်းကပြော ကြားခဲ့ပြီး မြို့ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးမော်စီက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံ မိုးရေးမြို့အရပ် ဘက်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိ သူတစ်ဦးက နှုတ်ဆက်စကားပြောကြားပြီး မိုးရေးမြို့အရပ်ဘက်အဖွဲ့အစည်းများမှ တစ် ဖွဲ့ချင်းမိတ်ဆက်ခဲ့ကြသည်။ အဆိုပါပွဲကို တမူးအရပ်ဘက်အဖွဲ့အစည်း ၃၅ ဖွဲ့နှင့် မိုးရေးအရပ်ဘက်အဖွဲ့အစည်း ငါးဖွဲ့တက် ရောက်ခဲ့ပြီး ဖိတ်ကြားထားတဲ့သူဦးရေ ၂ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။