images
UN
UN
ဝက်လက်မြို့ မူလတန်းကြိုကလေးများအား ဝတ်စုံနှင့်အာဟာရများထောက်ပံ့
ဥမ္မာဝင်း(ဝက်လက်) Saturday, 22 September 2018
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ဝက်လက်မြို့နယ် ကိုယ့်အားကိုယ် ကိုး မူလတန်းကြိုကျောင်း ကလေး များထံသို့ ဝတ်စုံများနှင့်အာဟာရ များ ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားကို ယခုလ ၂ဝ ရက် နံနက် ၁ဝ နာရီကမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကိုယ့် အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၌ ကျင်းပခဲ့သည်။
ပထမဦးစွာ အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကလေး ငယ်လေးများက ကဗျာများရွတ်ဆို ကာ နှုတ်ခွန်းဆက်သပြီး မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်နှင့် အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ဝါဝါနှင့်အဖွဲ့၊ရွှေဘိုခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်နှင့် အဖွဲ့တို့က သွားတိုက်တံ၊ သွား တိုက်ဆေးနှင့်ယူနီဖောင်းဝတ်စုံများ ကို ပေးအပ်ရာ ဝက်လက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ ဝင်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ၊ စစ်ကိုင်း တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ရွှေဘိုခရိုင် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌတို့က မူလတန်းကြို ကျောင်းမှ လက်ဝယ်သို့ ဖြည့်စွက် အစာအဖြစ် ငှက်ပျောသီး၊ ပဲနို့ဘူး၊ ရေသန့်ဘူး၊ ပေါင်မုန့်၊ ပလတ် စတစ်ခြင်းတောင်းများကို ပေးအပ် ခဲ့ကြောင်း သိရသည်။