images
UN
UN
ဇီးကုန်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ အေရိုးဗစ်ဆင့်ပွားသင်တန်းဖွင့်
တင့်ဆွေ(ဇီိးကုန်း) Saturday, 22 September 2018
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အားက စားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အေရိုးဗစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာ စကားပြောကြားကာ တက်ရောက်လာသော သင်တန်းသား သင်တန်းသူများကို အားကစားဝတ်စုံများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းအဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သော အားကစား သမားများက အေရိုးဗစ်ပဏာမကပြကာ မြို့နယ် အားကစားမှူး ဒေါ်နှင်းဝေလွင်က ဆုချီးမြှင့်ခဲ့သည်။
အဆိုပါ အေရိုးဗစ်ဆင့်ပွားသင်တန်းကို ယခုလ ၂၁ ရက် မှ ၂၅ ရက်အထိ နေ့စဉ် နံနက် ၈နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ နည်းပြဆရာမ ဒေါ်မိုးမိုးနိုင် (နတ္တလင်း)က သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး ဇီးကုန်းမြို့နယ်မှ စိတ်ပါဝင်စားသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁ဝဝ ခန့်တက်ရောက်ခဲ့ ကြောင်း သိရသည်။