images
UN
UN
စပါးကစားသမားများ လစာတိုးမြှင့်တောင်းဆို
Saturday, 22 September 2018
စပါးကစားသမားအများစုသည် လစာတိုးမြှင့်၍ စာချုပ်သစ် ချုပ်ဆိုပေးရန် အသင်းကို တောင်းဆိုမှုများပြုလုပ်နေသည်ဟု သိရ သည်။ စပါးတွင် တိုက်စစ်မှူးဟယ်ရီကိန်းက လစာအမြင့်ဆုံး ရရှိနေပြီး ဇွန်လတွင် ချုပ်ဆိုခဲ့သည့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်အတွက် ပေါင်သန်း ၆ဝ ဝန်းကျင်အထိရရှိမည်ဖြစ်သည်။ စပါးသည် ကစားသမားများကို လစာထိန်းချုပ်မှုများရှိနေသော အသင်းဖြစ်သည်။ သို့သော် အီရစ်ဆင်၊ ဒန်နီရို့စ်၊ အယ်လ်ဒါဝီရယ် စသော ကစားသမားများက ၄င်းတို့၏လစာကို ရာခိုင်နှုန်း ၄ဝ အထိ တိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ဆိုလိုသည်ဟု အသင်းဥက္ကဋ္ဌ ကို တောင်းဆိုနေကြသည်။ Ref ;Sportsmole