images
UN
UN
ကျောက်တံခါးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းအသိပညာပေးဟောပြော
ခင်ကို(ကျောက်တံခါး) Sunday, 23 September 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့ အခြေခံပညာအထက် တန်းကျောင်းပတ္တမြားခန်းမဆောင် ၌ ယမန်နေ့နံနက် ၁ဝနာရီက မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်တံခါးမြို့ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင် အေးမြင့်က အဖွင့်အမှာစကားပြော ကြားခဲ့သည်။
ဆက်လက်၍မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးဇော်မင်းက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် အကြောင်းသိကောင်းစရာများဆွေး နွေးခြင်းနှင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပေါ်စေရေးပညာပေးဆွေးနွေး ကာ မြို့မစခန်းမှူးဒုရဲမှူးဇော်ထွန်း ကလူကုန်ကူးမှုဆိုင်ရာအသိပညာ ပေးဟောပြောခြင်းနှင့် ယာဉ်စည်း ကမ်းလမ်းစည်းကမ်းများလိုက်နာ ဆောင်ရွက်နိုင်ရေးဆွေးနွေးဟော ပြောခဲ့သည်။
ထို့နောက်မှုခင်းအသိပညာ ပေးဟောပြောပွဲသို့တက်ရောက် လာကြသော ကျောက်တံခါးမြို့ အခြေခံပညာအထက်တန်းကျောင်း မှ အဋ္ဌမတန်း၊ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း ၅ဝဝတို့ အားမှုခင်းအသိပညာပေးလက် ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။