images
UN
UN
ရှားတောမြို့နယ် ဈေးပိုင်းရပ်ကွက် စူဠာမုဏိစေတီတော်အနီးရှိညောင်ပင်ကြီး လေပြင်းတိုက်ခတ်ခြင်း မိုးသည်းထန်စွာရွာသွန်းခြင်းမရှိဘဲ အလိုအလျောက်ကျိုးကျ
ထွန်းအောင် Monday, 24 September 2018
ကယားပြည်နယ် ရှားတော မြို့နယ် ဈေးပိုင်းရပ်ကွက် စူဠာ မုဏိစေတီတော်ဘုရားကုန်းနှင့် မျက်နှာချင်းဆိုင် ဗိုလ်ချုပ်အောင် ဆန်းလမ်းဘေးရှိ သက်တမ်းနှစ် ၁၆ဝ ကျော်ပြီဖြစ်သည့် ညောင်ပင် ကြီး၏ သစ်ကိုင်းများ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းမရှိဘဲ ပင်စည်ဆွေး မြည့်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် အလိုအလျောက် ကျိုးကျလျက်ရှိသည်။
ယင်းညောင်ပင်ကြီးသည် ပင် စည်အချင်း ပေ ၂ဝ ၊အမြင့် ပေ ၆ဝ ခန့်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် ကျိုးကျလျက်ရှိရာ လမ်းခေတ္တ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လူ၊ တိရစ္ဆာန်နှင့်ယာဉ်များ ထိခိုက် ဒဏ်ရာရခြင်းမရှိကြောင်း သိ ရသည်။
အဆိုပါ ညောင်ပင်ကြီးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ထိုက်ဦးဆောင်၍ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီတွင်ပြီးစီး ခဲ့ပြီး ယာဉ်များသွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။