images
UN
UN
တံတားလူသွားလမ်းပျက်စီးမှုကြောင့် ဒေသခံများသွားလာရေးတွင်အခက်အခဲကြုံနေရ
ကျော်သက်ဦး(ကချင်မြေ) Monday, 24 September 2018

ကချင်ပြည်နယ် ဟိုပင်မြို့ နယ်မြေ(၁)ရပ်ကွက်အတွင်းရှိ သရက်ချောင်းကိုဖြတ်ပြီးတည် ဆောက်ထားသောတံတား (ဒေသ အခေါ်ဝက်ကုန်းတံတား)ရှိလူသွား လမ်းအတွက်ခင်းထားသောပျဉ်ပြား များပျက်စီးနေသောကြောင့်သွားလာ ရာတွင်အခက်အခဲများရှိကြောင်း စက်တင်ဘာ ၂၄ ရက်က ဒေသခံ ပြည်သူများထံမှသိရသည်။
အဆိုပါတံတားကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်မှုဖြင့် ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် တွင် စတင်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၃ ခုနှစ် မတ် ၃၁ ရက်တွင်ပြီးဆုံး ကာ ယခုဆိုလျှင် ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း အဆိုပါတံတားအနီး ရှိ ရပ်ကွက်တစ်ခုတွင်နေသော ဦးအိုက်ဆန်းက ပြောသည်။
''တံတားကကြာပြီလေ ကျွန် တော့်သားတစ်သက်ပဲ ၁၄ နှစ် ၁၅ နှစ်လောက်ရှိပြီ။ အဲဒါဟိုပင်ကနေ မြစ်ကြီးနားဘက်ကိုသွားတဲ့ယာဘက် လူသွားလမ်းမှာ ၁ဝ ပေလောက် ရှိမယ်ထင်တယ် ပျဉ်ပြားတွေမရှိ တော့ဘူး။ လမ်းလျှောက်သွားတဲ့ လူတွေအတွက်အခက်အခဲဖြစ်တာ ပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေ အတွက်ထားတဲ့လမ်းပေါ်ကသွားရင် အန္တရာယ်ဖြစ်မှာစိုးရိမ်ရတယ်'' ဟု ဦးအိုက်ဆန်းကပြောသည်။
၎င်းတံတား၏အမြင့်မှာ ပေ ၄ဝ ခန့်ရှိပြီး တံတားကိုအသုံးပြုပြီး နေ့စဉ်လမ်းလျှောက်ဖြတ်သန်း သွားလာနေသောဒေသခံလူဦးရေ ၈ဝဝ ခန့်မှာ သွားလာရေးအတွက် အခက်အခဲဖြစ်ပြီး အန္တရာယ်ရှိ သောကြောင့် သက်ဆိုင်ရာမှအမြန် ဆုံးလာရောက်ပြုပြင်ပေးရန် မျှော် လင့်လျက်ရှိကြောင်း သိရသည်။