images
UN
UN
ပရိသတ်လုံခြုံရေးအတွက် နေပယ်မြို့မှရဲအဖွဲ့နှင့် မာဆေးဆိုက်ရဲအဖွဲ့ဆွေးနွေး
Tuesday, 25 September 2018
မာဆေးဆိုက်ရဲအဖွဲ့သည် ပရိသတ်များ၏လုံခြုံရေးနှင့် ပတ်သက်၍ ကြိုတင်ဆောင် ရွက်မှုပြုလုပ်နိုင်ရန်အတွက် နေပယ်မြို့မှ ရဲအဖွဲ့နှင့် ဆွေး နွေးညှိနှိုင်းမှုများပြုလုပ်နေ ကြောင်း သိရသည်။ လီဗာပူး သည် လာမည့်အောက်တိုဘာ ၃ ရက်တွင် ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် နာပိုလီကွင်းသို့ သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ၂ဝ၁ဝ ပြည့်နှစ်က ယူ ရိုပါလိဂ်ပွဲစဉ်အဖြစ် နာပိုလီ ကွင်းသို့ လီဗာပူးသွားကစား ခဲ့ရာတွင် ပရိသတ်များမှာ တိုက်ခိုက်မှုခံခဲ့ရသည်။ ပွဲ မတိုင်မီဖြစ်ပွားသည့် ပြဿနာ ကြောင့် လီဗာပူးပရိသတ် သုံးဦးဓားထိုးခံခဲ့ရပြီး ဒဏ်ရာ ရရှိသူများစွာ ရှိခဲ့ဖူးသည်။ ထို့ ကြောင့် ပရိသတ်လုံခြုံရေးနှင့် ပတ်သက်၍ မာဆေးဆိုက်ရဲ အဖွဲ့က အချက်အလက်ပေးပို့ မှုများအပါအဝင် ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်နေခြင်းဖြစ် သည်။ Ref ;ESPN