images
UN
UN
ကျောင်းသားလူငယ်များအား စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး စာပေဟောပြောပွဲပြုလုပ်ပေး
ချစ်သက်လယ်(အိမ်မဲ) Wednesday, 26 September 2018


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(၁) ရွှေညီလာခန်းမ၌ ကျောင်းသားကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်စေရေးအတွက် စာပေဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အထက(၁)ကျောင်းအုပ်ဆရာမကြီးက စိတ်ဓာတ်မြှင့်တင်ရေး စာပေဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာဆရာထက်ဝေးကမုဒိတာ စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာÓဏ်မင်း (နမ့်ခမ်း)က 'လူငယ်နှင့်စာရိတ္တ'ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး စာရေးဆရာသိန်းဇော်(ရွှေလီဦး)က 'ဖန်တီးမှုများနှင့်ချဉ်းကပ်လာ သည့် ခါးသီးသောလက်ဆောင်များ'ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ ကြောင်း သိရသည်။ ထို့နောက် အိမ်မဲမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌဦးတင်အောင်မိုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ ပြီး အဆိုပါစိတ်ဓာတ်မြှင့်တင်ရေးစာပေဟောပြောပွဲသို့ အထက(၁) ကျောင်းမှ ကျောင်းသားကျောင်းသူ ၅ဝဝ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
''ကျွန်တော်တို့ကို အခုလို စိတ်ဓာတ်မြှင့်တင်ရေးအတွက် လာပြီး ဟောပြောပေးတဲ့ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခုလို စာပေဟောပြောပွဲတွေကိုလည်း လူငယ်တွေများများနားထောင် သင့်ပါတယ်။ နားထောင်ရတဲ့ ကျွန်တော်တို့မှာလည်း အကျိုးရှိပါ တယ်''ဟု စာပေဟောပြောပွဲ လာရောက်နားထောင်သူ ကျောင်းသား တစ်ဦးကပြောသည်။