images
UN
UN
အေရိုးဗစ်ဆင့်ပွားသင်တန်း သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
တင့်ဆွေ(ဇီးကုန်း) Wednesday, 26 September 2018


ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် အား ကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အေရိုးဗစ် ဆင့်ပွားသင်တန်း(၁/၂ဝ၁၈) သင် တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့ နယ်ပြည်သူ့အားကစားကွင်း အား ကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းလက်မှတ်ပေးအပ် ပွဲအခမ်းအနားတွင် မြို့နယ်ပညာ ရေးမှူး ဒေါ်သန်းအေးက အဖွင့် အမှာစကားပြောကြားပြီး အေရိုး ဗစ်သင်တန်းတွင် ထူးချွန်ဆုရသင် တန်းသားများ၊ အကြီးတန်း အဖွဲ့ လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် အငယ် တန်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ကာ သင်တန်းဆင်း လက် မှတ်များ ပေးအပ်ခဲ့သည်။ ဆက် လက်၍ အေရိုးဗစ်အားကစားအဖွဲ့ မှ သရုပ်ပြကပြပြီး အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။