images
UN
UN
ရန်ကုန်-မန္တလေးကားလမ်းမှ ဆည်ကုန်းကျေးရွာသွားမြေသားလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
သိန်းမြင့်ကျော်(မိတ္ထီလာ) Thursday, 27 September 2018
ဒေသခံပြည်သူများသွားလာ ရေးအဆင်ပြေစေရန် ရန်ကုန်-မန္တလေးသွားကားလမ်းမှ ဆည် ကုန်းကျေးရွာကို ဆက်သွယ်သော ကုန်ထုတ်လမ်းအား မြေသားလမ်း မှ ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေး လက်လမ်းဦးစီးဌာနမှသိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏၂ဝ၁၈ဘဏ္ဍာနှစ် ခြောက် လပတ် ဘတ်ဂျက်ဖြင့် ဒေသခံ များသွားလာရေး အဆင်ပြေစေရန် ရန်ကုန်-မန္တလေးသွားကားလမ်းမှ ဆည်ကုန်းကျေးရွာသို့ ဆက်သွယ် သွားလာသည့် မြေသားလမ်းအား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ၍ အရှည်တစ်မိုင် နှစ် ဖာလုံ၊အကျယ်၁၈ပေ၊ ခုနစ်လက်မ ထုရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့် တိုးမြှင့်ခြင်းကို ဧပြီ ၁ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလကုန်တွင် ပြီးစီးမည် ဖြစ်ပြီးလမ်းခင်းခြင်းလုပ်ငန်းပြီးစီး ပါက ဆည်ကုန်းကျေးရွာနှင့်ချုံစွန်း ကျေးရွာမှ ဒေသခံများ၏ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများမှာ မိုးရာသီတွင်သွားလာရန်အခက်အခဲ များနှင့် ကြုံတွေ့မှုမရှိဘဲ ယခုလို မြေသားလမ်းမှ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ သည့်အတွက် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေတော့မည် ဖြစ်ကြောင်းမြို့နယ်ကျေးလက်လမ်း ဦးစီးမှူးက ပြောကြားခဲ့သည်။