images
UN
UN
ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော
ထွန်းထွန်း(သာစည်) Thursday, 27 September 2018
မန္တလေးတိုင်းဒေသကြီး သာ စည်မြို့နယ် ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်မှ ကဗျာဆရာနှင့် ကျေးရွာ၌ပညာရေးနှင့် ကျန်းမာ ရေးတို့တွင် လိုအပ်သည်များကို အဓိကထားကူညီဆောင်ရွက်လျက် ရှိသော ပရဟိတလူငယ်များပူး ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲတို့ ကို ယမန်နေ့ နံနက် ၉ နာရီက ဟံဇားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ပင်နီခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းက စာဖတ်ရ ခြင်းအကျိုးကျေးဇူးများကို ရှင်း လင်းပြောကြားပြီး ရုပ်သံကျွမ်း ကျင်-၃ ဦးဇော်မင်းထွေးက 'စာ ဖတ်ပါတွေးပါ'ခေါင်းစဉ်ဖြင့် ဟော ပြောသည်။ ဆက်လက်ပြီး ကဗျာ ဆရာခမ်းနားကျော်စွာက ''ကြယ် လျှောက်လမ်း''ခေါင်းစဉ်ဖြင့် မြန်မာ စာပေအကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူတို့၏ကွာခြားမှုများကို သုတရသစုံလင်စွာဖြင့် ဟောပြော သည်။ ထို့နောက် နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည် ပြုလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများနှင့် မူးယစ်ဆေးဝါး ပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား ကျောင်းသူ များက စိတ်ဝင်တစားလေ့လာ ကြည့်ရှုကြသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ ၃ဝဝ နှင့် ပရဟိတ လူငယ်များတက်ရောက်ကြကြောင်း သိရသည်။