images
UN
UN
Yangon Water Bus မှ ခရီးစဉ်များအား ယခုလ ၂၇ရက်တွင် ပြောင်းလဲပြေးဆွဲ
မေနဒီမြနွယ် Thursday, 27 September 2018
Yangon Water Bus မြစ်တွင်း ခရီး သည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ မိဘပြည်သူများလုံခြုံချမ်းမြေ့စွာ ခရီးသွား လာနိုင်ရေးနှင့်ခရီးသွားပြည်သူများ၏တောင်း ဆိုချက်အရသမတဆိပ်ကမ်းမှဗိုလ်တထောင် သို့ပြေးဆွဲပေးနေသောခရီးစဉ်များကို ယနေ့မှ စတင်ပြီး နံနက်ပိုင်းနှင့်ညနေပိုင်းအချိန်များကို ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်းYangon Water Bus ၏facebook pageတွင် ယမန်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် သမတဆိပ် ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ နံနက် ၆ နာရီခွဲမှ စတင်ကာ နာရီဝက်တစ်ကြိမ်ဖြင့် နံနက် ၉နာရီခွဲအချိန်အထိလည်းကောင်း၊ ညနေပိုင်းတွင် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ညနေ၄နာရီ မှစတင်ကာ နာရီဝက်တစ်ကြိမ်ဖြင့် ည၇နာရီအထိလည်းကောင်းပြောင်းလဲပြေးဆွဲ သွားမည်ဟုယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။