images
UN
UN
ဘရာဇီးတွင် လေယာဉ်ဓားပြတိုက်မှုကြောင့် လူခြောက်ဦးသေဆုံး
နောင်နောင် Friday, 28 September 2018
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လေဆိပ်တစ်ခုတွင် ယခုလ ၂၆ ရက်ကလက်နက်ကိုင်လူတစ်စုမှ လေယာဉ်တစ်စင်းအား ဓားပြ တိုက်ရန်ကြိုးစားသည့်အတွက် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးခဲ့ကြောင်း ဖယ်ဒရယ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။
အဆိုပါသေဆုံးမှုများသည် နိုင်ငံအရှေ့မြောက်ပိုင်း Pernambuco ပြည်နယ်ရှိ Salgueiro လေဆိပ်တွင် လက်နက်ကိုင်အုပ်စုတစ်ခုက မြို့တွင်းရှိဘဏ်များအတွက် ငွေသယ်ဆောင်လာသည့် လေယာဉ် တစ်စင်းအား ဓားပြတိုက်ရန်ကြိုးစားရာမှ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု သိရသည်။ အဆိုပါ လက်နက်ကိုင်အုပ်စုသည် လုံခြုံရေးအစောင့်များကို ဖြတ်ကျော်၍ လေယာဉ်ဆင်းသက်လာသည့် လမ်းကြောင်းပေါ်သို့ ဝင်ရောက်လာခဲ့ပြီးနောက် လေယာဉ်ကို ရပ်တန့် စေရန် လေယာဉ်မှူးအားပစ်ခတ်ခဲ့ကြောင်းသိရသည်။
¤င်းလက်နက်ကိုင်အဖွဲ့အား သုံးနှစ်ကြာ စုံစမ်းစစ်ဆေးနေပြီး ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ဖယ်ဒရယ်ရဲတပ်ဖွဲ့က ¤င်းတို့အား ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ အားလုံးပေါင်း လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ အခြားလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးမျှ ထိခိုက်ဒဏ်ရာမရရှိခဲ့သကဲ့သို့ တိုက်ခိုက် နေစဉ်အတွင်း လေယာဉ်ပေါ်မှ ပိုက်ဆံများလည်း အခိုးမခံရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ လေယာဉ်မှူးမှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် အခြေ အနေကောင်းမွန်ကြောင်းလည်း သိရသည်။ ဓားပြတိုက်ရာတွင် အသုံးပြုသည့် AK-47 ရိုင်ဖယ်ခြောက်လက်နှင့် ပစ္စတိုတစ်လက် ကို အာဏာပိုင်များက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
Ref:Xinhua