images
UN
UN
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များဆေးကြောသန့် စင်နည်း လမ်းညွှန်
ပေါက်ပေါက် Friday, 28 September 2018
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ တွေစားပြီးနောက် လူအချို့ ဝမ်းသွား တယ်၊ ပျို့အန်တယ်၊ အစာအဆိပ်သင့် တယ်ဆိုတဲ့ သတင်းများကို သင်ကြားဖူး ကောင်း ကြားမိပါလိမ့်မယ်။ ဒါဘာ ကြောင့်ပါလဲ။ ၄င်းတို့မှာ စိုက်ခင်းများရှိ သဲ ရွှံ့  ဖုန်မှုန့်စတဲ့ မြေဆီလွှာများကပ်ငြိ နေခြင်း၊ စိုက်ခင်းတစ်ဝိုက် ကျင်လည် ကျက်စားနေကြသော တိရစ္ဆာန်တို့၏ စွန့် ပစ် အညစ်အကြေးများ၊ မသန့်ရှင်းသော ရေ၊ အပင်သန်ကြီးထွားမြန်ဆေး (သို့ မဟုတ်) ပေါင်းပင်သတ်ဆေး(သို့မဟုတ်) ပိုးသတ်ဆေး အကြွင်းအကျန်များ၊ စိုက် ခင်းမှနေ၍ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မီးရထား စသည်ဖြင့် ခရီး လမ်းများကိုဖြတ်သန်းပြီးနောက် စားသုံး သူထံသို့ ရောက်ရှိလာပုံ အဆင့်ဆင့်၊ ဈေးကွက်ထဲမှာ ဈေးရောင်းသူသာမက အခြား ဈေးဝယ်သူတို့၏ လက်ပေါင်း စုံဖြင့် ကိုင်တွယ်ထားမှု၊ ဈေးရောင်းသူ၏ ထုပ်ပိုးတည်ခင်းရောင်းချရာမှာ သန့်ရှင်း မှု အားနည်းခြင်း စသည့်အကြောင်း ကြောင်းများကြောင့် အဆိုပါသစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်တွေမှာ မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယားနှင့် မှိုပိုး မွှားတွေ ကပ်ငြိနေကြပါတယ်။
ဖော်ပြပါ ကပ်ငြိစွန်းထင်းနေတဲ့ ပိုး သတ်ဆေးများ၊ ဓာတုပစ္စည်းများနဲ့ မသန့်ရှင်းမှုများဟာ အစားအသောက် များထဲသို့ မဝင်စေရန်အတွက် ၄င်းဟင်း ရွက်သစ်သီးတွေကို မလှီးဖြတ်၊ မစား သုံးခင် ရေသန့်သန့်ဖြင့် စင်ကြယ်စွာ ဆေးကြောပေးရမှာဖြစ်ပါတယ်။ သို့ပါ၍ အစားအစာများ စီမံချက်ပြုတ်ပေးသူ (အိုးသူကြီး)များ အသိအမြင် ကြွယ်ဝစွာ ဖြင့် ဘေးဘယာကင်းဝေးစွာ ပြင်ဆင် ချက် ပြုတ်နိုင်ကြပါရန် အောက်ပါ အတိုင်း အကြံပြုလိုက်ပါရပါတယ်။


(၁) ပန်းဂေါ်ဖီများ
*******************
ပန်းဂေါ်ဖီစိမ်း(ခေါ်) ဘရိုကိုလီနှင့် ပန်းဂေါ်ဖီ(အဖြူ)များဟာ သဘာဝ အလျောက် အပွင့်အဆုပ်ကလေးတွေဖြစ် နေတာကြောင့် ထိုအက်ကွဲကြောင်းများ ကြားထဲမှာ မှိုပိုးမွှားတွေ စိတ်တိုင်းကျခို အောင်းနေနိုင်ပါတယ်။ ဒါကြောင့် ဟင်း စီမံချက်ပြုတ်ဖို့ပြင်ဆင်တဲ့အခါ၊ ထိုပန်း ဂေါ်ဖီများကိုမိမိအလိုရှိသလောက်အရွယ် အစားလေးတွေချွေယူပြီး ရေဇလုံထဲမှာ ပန်းဂေါ်ဖီတွေ နစ်မြုပ်တဲ့အထိအချိန် နှစ်မိနစ်ခန့်ကြာစိမ်ထားပေးပါ။ ပြီးရင် ရေပိုက်ခေါင်းဖွင့်၍ နောက်ထပ်တစ်ဖန် ဆေးကြောသန့်စင်ပါ။ (ဂေါ်ဖီထုပ်များ ကိုလည်း ထိုနည်းအတိုင်း ဆေးကြော သန့်စင်ပေးသင့်ပါတယ်)

(၂) ထောပတ်သီး
******************
ထောပတ်သီးဟာ အခွံမာသီးဖြစ်၍ အခွံကိုဝါးစားလို့မရတာကြောင့် ထိုအခွံ တွေကို ရေဆေးဖို့မလိုအပ်ဘူးလို့ မယူဆ သင့်ပါဘူး။ အခွံပေါ်မှာ မျက်စိဖြင့် မမြင် နိုင်သော ပိုးမွှားတွေပါရှိနေကြပြီး၊ အသီး ကို ဓားနဲ့ ခွဲစိတ်လိုက်တဲ့အခါမှာ ထိုပိုးမွှား လေးတွေက အထဲကို အလွယ်တကူ ဝင် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ရှေး ဦးစွာ ထောပတ်သီးတွေကို လက်ဖြင့်သေ သေချာချာပွတ်တိုက်ကာ ရေစင်စင်ဆေး ပြီး၊ ရေစင်အောင်ခါထုတ်ပြီးမှသာ အလို ရှိသလိုစားသုံးပါ။ (ဖရဲသီး၊ နဂါးမောက် သီး၊ သခွားမွှေးသီး၊ သခမသီး၊ ဥသျှစ် သီး၊ သကြားသီး၊ လေချူသီး၊ သခွား သီး၊ မင်းကွတ်သီး စတဲ့အခွံမာသီးများ အားလုံးကိုလည်း ထိုနည်းအတိုင်း ဆေး ကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ နာနတ်သီးကိုတော့ အခွံမနွှာခင်ရော အခွံ နွှာပြီးနောက်မှာပါ ရေဆေးပေးဖို့လိုပါ တယ်။)



(၃) ပန်းသီးများ
*****************
ပန်းသီးကို သေသေချာချာလေ့လာ ကြည့်တဲ့အခါ၊ အသီးရဲ့ထိပ်ပိုင်းမှာ ချိုင့် ခွက်လေးပါရှိနေပြီး၊ အသီးရဲ့ အဖျားပိုင်း မှာတော့ အသီးအညှာရိုးတံကို ဖယ်ရှား ထားတာကြောင့် ချိုင့်ခွက်လေးဖြစ်လို့ နေပါတယ်။ ၄င်းအပေါ်ဘက် အောက် ဘက် ချိုင့်ခွက်တွေထဲမှာ ဗက်တီးရီးယား နှင့် ဖုန်တွေခိုအောင်းဝင်ရောက် နိုင်ပါ တယ်။ ဒါကြောင့် ဈေးကဝယ်လာတဲ့ ပန်းသီးများကို ဦးစွာ Brush ဖြင့်တိုက် ချွတ်ကာ ရေစင်စင်ဆေးကြောသန့်စင်ပြီး မှသာ ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။ (သစ်တော်သီး၊ ပန်းသစ်တော်တို့ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်သင့်ပါတယ်)

(၄) ပန်းငရုတ်သီး(ခေါ်)ငရုတ်ချိုပွ
**********************************
ပန်းငရုတ်သီး(ခေါ်)ငရုတ်ချိုပွတွေက လည်း ပန်းသီးနည်းတူပါပဲ အသီးရဲ့ ထိပ် ပိုင်းမှာ ချိုင့်ခွက်လေး ပါရှိနေပါတယ်။ ဒါကြောင့် မချက်ပြုတ်ခင်မှာ ငရုတ်သီး အပွင့်လိုက်ကို ဦးစွာရေစင်စင်ဆေးပေး ပါ။ ပြီးမှ မိမိအလိုရှိသလို လှီးဖြတ်ပါ။

(၅) မှိုပွင့်များ
************
ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ မှိုပွင့်လေးများမှာလည်း သဲ၊ ရွှံ့များနဲ့အတူ ဗက်တီးရီးယားတွေ ကပ်ငြိနေတတ်တာ ကြောင့် မချက်ပြုတ်ခင် ၄င်းမှိုပွင့်လေး တွေကို ရေဖြင့် သေသေချာချာဆေးကြော ပေးသင့်ပါတယ်။ မှိုပွင့်ထဲမှာ ရေတွေစိမ့် ဝင်နေတဲ့အခါ ကောင်းမွန်သောဟင်းလျာ ဖြစ်မလာနိုင်တော့ပါဘူး။ ဒါကြောင့် ရေစင်စင်ဆေးပြီးနောက် ၄င်းမှိုပွင့်လေး တွေကို ရေစစ်သွားအောင် ခပ်ဖွဖွ လက် ဖြင့် ဆုပ်ညှစ်ပြီးမှသာ အလိုရှိသလို စီမံ ချက်ပြုတ်ပါ။

(၆) ဟင်းခတ်အမွှေးအကြိုင်ပင်လေးများ
*****************************************
မြန်မာနံနံပင်၊ တရုတ်နံနံပင်၊ ရှမ်းနံနံ ပင်(ခေါ်) ကုလားနံနံပင်၊ ပင်စိမ်းရွက်၊ ပူတီနာရွက် စတဲ့ဟင်းခတ်အမွှေးအကြိုင် အပင်ပုလေးများဟာ မြေကြီးပေါ်ကပ်၍ ပေါက်လေ့ရှိတာကြောင့် သဲ၊ ရွှံ့များ အပြင် မျက်စိဖြင့်မမြင်နိုင်သောဗက်တီးရီး ယားပိုးမွှားတွေ ပါလာလေ့ရှိပါတယ်။ ဒါကြောင့် ၄င်းအပင်လေးများကို သင့် သလိုဖြတ်တောက်ချွေယူ၍ ရေများ များထည့်ထားသော ဇလုံထဲမှာစိမ်ပြီး အရွက်နှင့်ရိုးတံများအားလုံးကို လက်ဖြင့် ခပ်ဖွဖွပွတ်ဆေးပြီးမှသာ အသုံးပြုပါ။

(၇) ဟင်းသီးဟင်းရွက်များ
**************************
ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလတ်ရွက်၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ရွက်စားမုန်လာရွက် စတဲ့စိမ်းရောင်ခြယ် အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေမှာ သဲ၊ ဖုန်မှုန့်၊ ရွှံ့နှင့် ဗက်တီးရီးယားပိုးများ အပြင် မသန့်ရှင်းသောရေများ၊ ပိုးသတ် ဆေးရည်များ ကပ်ငြိစွန်းထင်းနေကြပါ တယ်။ ဒါကြောင့်-
* ဟင်းသီးဟင်းရွက်တို့ကို လှီးဖြတ်ပြီး နောက် ဦးစွာရေဇလုံကြီးကြီးထဲမှာ အချိန် နှစ်မိနစ်ခန့်ကြာ စိမ်ထား ပေးပါ။ ပြီးရင် ပိုက်ခေါင်းဖြင့် ၄င်း ဟင်းရွက်၏ အပေါ်ဘက်အောက် ဘက် အားလုံးကို လက်ဖြင့်သေသေ ချာချာ ပွတ်သပ်ဆေးကြောပါ။
* ဆားရည်ဖြင့် ဆေးကြောပါ။ ဆားက ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများနဲ့ အတူ မသန့်ရှင်းသော အရာများကို သန့်စင်စေပါတယ်။
* ရေနွေးဆူဆူထဲမှာ ဟင်းသီးဟင်း ရွက်တွေကို ၁၅ စက္ကန့်မှ တစ်မိနစ် အထိထားပြီး၊ ပြင်ဆင် ချက်ပြုတ် ခြင်းဖြင့် သန့်ရှင်းသော အစားအစာ ကို ရရှိနိုင်ပါတယ်။ ဤနည်းက ပြင်သစ် နိုင်ငံသားများ၏ အလေ့ အထတစ်ခုဖြစ်ပါတယ်။
* ရေထဲမှာ သံပရာရည် (သို့မဟုတ်) ရှောက်ရည်အနည်းငယ်ထည့်၍ ဟင်းသီးဟင်းရွက်များကိုဆေးကြော နိုင်ပါတယ်။
* ရေထဲမှာ နနွင်းမှုန့်သန့်ထည့်၍ ဆေး ကြော သန့်စင်စေနိုင်ပါတယ်။ ဤ နည်းက အိန္ဒိယနိုင်ငံသားများ၏ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
* ယနေ့ခေတ်မှာ ဟင်းသီးဟင်းရွက် များ ဆေးကြောနိုင်တဲ့ ဆပ်ပြာရည် များ အလွယ်တကူ အသုံးပြုနိုင်ပါ တယ်။ သို့သော် ၄င်းဆပ်ပြာရည် များက အတိုင်းအတာဖြင့်သာ သုံးစွဲ သင့်ပါတယ်။