images
UN
UN
ရေကြီးနစ်မြုပ်ထိခိုက်သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ဆောမြို့နယ်တွင် ထောက်ပံ့ငွေပေးအပ်
တောင်သားမောင်သန်း Saturday, 29 September 2018

ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မိုးရာသီတွင် ရေကြီးနစ်မြုပ်ထိခိုက်သီးနှံများ ပျက်စီးဆုံးရှုံးမှုအပေါ်ပြည်ထောင်စု ရန်ပုံငွေမှထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာနမှူး ဦးခင်မောင် ကြည်က တောင်သူများ၏ သီးနှံ များဆုံးရှုံးမှုများအပေါ် တောင်သူ များအတွက် ထောက်ပံ့ငွေပေးအပ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။
ထို့နောက် ထောက်ပံ့ငွေများ ကိုပေးအပ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးခင်မောင်ကြည်က ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် စပါးသီးနှံ ၂၄ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁ဝဝဝဝနှုန်းဖြင့် ကျပ် ၂၄ဝဝဝဝ ကိုလည်းကောင်း၊ အစေ့ ထုတ်ပြောင်းသီးနှံ ခြောက်ဧက အတွက် တစ်ဧကလျှင် ကျပ် ၁ဝဝဝဝ နှုန်းဖြင့် ကျပ် ၆ဝဝဝဝ ကိုလည်းကောင်း တောင်သူ ၃၅ ဦးတို့ထံ ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်း သိရသည်။