images
UN
UN
ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာကွယ်ဆေးအခမဲ့ထိုးနှံ
Saturday, 29 September 2018
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် (၁၂)ကြိမ်မြောက်ကမ္ဘာ့ခွေးရူး ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းပန်မြို့နယ် မြို့ပေါ်ရပ် ကွက်အတွင်းတွင် မွေးမြူထားသောအိမ်မွေးခွေးများအား ခွေးရူးရောဂါကာ ကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၇နာရီက ကွင်းဆင်းထိုး နှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေသတွင်းတိရစ္ဆာန်(ခွေး၊ကြောင်) များတွင် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက် သွားရန်၊ ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများတိုးပွားလာ စေရန်နှင့် ခွေးရူးရောဂါကာကွယ်ရေးအသိအမြင်များ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာ အောင်ခိုင်ထွေးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ အိမ်မွေးခွေးအကောင် ၃ဝ ကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။