images
UN
UN
ကောင်းမှုကုသိုလ် များထိုထို စဉ်လိုနေ့စဉ်ပြု(ကဗျာ)
ဖိုးရန်နိုင်(ကျောက်ကြီး) Saturday, 29 September 2018
* ကုသိုလ်အရာ စဉ်သာမမေ့
ပြုလေ့ရှိသည့် သိကြားမင်းမှာ
နတ်တကာထက် နတ်ရွာပြည်တွင်
စဉ်သာမြင့်မြတ် နတ်တို့ကြီးမှူး
ထူးသည့်နေရာ ရပါ၏။
* ကုသိုလ်ကောင်းမှု ပြုရန်ဓလေ့
မမေ့လျော့သည့် သတိတရား
လက်ကိုင်ထားမူ ထိုတစ်သူကို
လူပညာရှိ ကဝိထိုထို
ချီးမွမ်းဆိုစကား ပြောပါ၏။
* ကုသိုလ်တန်တန် ပြုရန်ဓလေ့
မေ့လျော့ပါမူ ထိုထိုသူအား
များလူတကာ မလေးစားပါဘဲ
စဉ်မြဲကဲ့ရဲ့ကြပါ၏။