images
UN
UN
အောင်ပွဲခံရာမှ ဆီဗီလာပရိသတ်များ ဒဏ်ရာရရှိခဲ့ကြ
Sunday, 30 September 2018
ပြီးခဲ့သောစနေနေ့က အီဘာအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ဆီဗီလာ ဂိုးသွင်းယူပြီးနောက် ပရိသတ်များအောင်ပွဲခံရာမှ ကွင်း ဘေးအကာ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှုများဖြစ်ခဲ့သည်။ ဆီဗီလာအသင်းက ပွဲချိန် ၅၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဒုတိယဦးဆောင်ဂိုးသွင်းယူပြီးနောက် ပရိသတ်များက မတ်တတ် ရပ်ကာ ခုန်ပေါက်အောင်ပွဲခံခဲ့ကြသည်။ သို့သော် ခြေချော်ကျမှု များဖြစ်ပွားခဲ့ပြီးနောက် ကွင်းဘေးအကာပြိုကျသည်အထိ အချင်း ချင်းဖိမိခဲ့ကြပြီး ဒဏ်ရာရခဲ့ကြခြင်းလည်းဖြစ်သည်။ ပွဲကို ရှစ် မိနစ်အထိ ရပ်ဆိုင်းခဲ့ရပြီး ပရိသတ်ရှစ်ဦးကိုလည်း ဆေးရုံပို့ခဲ့ ရသည်ဟု အသင်းက အတည်ပြုသည်။ Ref ;Dailymail