images
UN
UN
မောတောင်မြို့၌ တရားမဝင်လိုင်စင်မဲ့ တူမီးယမ်းထောင်းသေနတ်ကိုင်ဆောင်သူတစ်ဦးဖမ်းဆီးရမိ
မြင့်ဦး(မြိတ်) Monday, 01 October 2018
တနင်္သာရီတိုင်ဒေသကြီး မြိတ် ခရိုင်တနင်္သာရီမြို့နယ် မောတောင် မြို့၌ စက်တင်ဘာ ၂၉ရက်ည ၈ နာရီက တရားမဝင်လိုင်စင်မဲ့တူ မီး ယမ်းထောင်းသေနတ်ကိုင်ဆောင်သူ တစ်ဦးအား နယ်မြေရဲတပ်ဖွဲ့မှပိတ် ဆို့ရှာဖွေစစ်ဆေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် မောတောင် မြို့ သံသရာအေး(ဘက)ဘုန်းတော် ကြီးကျောင်းရှေ့၌ စက်တင်ဘာ ၂၉ ရက်ည ၈ နာရီက မောတောင် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ဝင်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးအတွက်သက် သေများဖြစ်ကြသည့် မောတောင် မြို့ အမှတ်(၁)ရပ်ကွက် ရာအိမ်မှူး ဦးစိုးမြင့်၊ မြို့မရပ်ကွက်နေ ပြည် သူ့စစ်ခေါင်းဆောင်ဦးညွန့်စိုးတို့နှင့် အတူ ပိတ်ဆို့ရှာဖွေစစ်ဆေးဆောင် ရွက်နေစဉ် လှိုင်ဝင်းဦး(၃၂နှစ်) ဥယျာဉ်ခြံလုပ် မြို့မရပ် ရပ်ကွက် မောတောင်မြို့နေသူသည် ဒင်/ ပြောင်းအရှည် ၁၂လက်မရှိ လက် လုပ်တူမီးယမ်းထောင်း သေနတ် တစ်လက်ကိုခါးတွင်ထိုးပြီး ၄င်း လွယ်ထားသည့် ဇီးရောင်ဘေး လွယ်အိတ်အတွင်းမှကော်ဘူးအဖြူ ဖြင့်ထည့်လျက် တစ်စင်တီမီတာ ခန့်ရှိခဲကျည် ၂၅ လုံး၊ မီးကူးယမ်း ကတ် ၂၅ခုနှင့် ပလတ်စတစ်ဘူး ဖြူအတွင်းထည့်ထားသော နှစ် ကျပ်သားခန့်ရှိ ယမ်းမှုန့်တစ်ဘူး တို့အား တွေ့ရှိရသဖြင့် သက်သေ များရှေ့တွင်မေးမြန်းရာ ၄င်းပိုင် ဆိုင်သော တူမီးယမ်းထောင်း သေနတ်ဖြစ်ကြောင်း လှိုင်ဝင်းဦးက ပြောဆိုသဖြင့် ရဲအုပ်ဝင်းလှိုင်က ရှာဖွေပုံစံဖြင့် သိမ်းဆည်းဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ တရားမဝင်လိုင် စင်မဲ့ တူမီးယမ်းထောင်းသေနတ် အား လက်ဝယ်ထားရှိကိုင်ဆောင် သူလှိုင်ဝင်းဦး(၃၂နှစ်)ကို မော တောင်နယ်မြေရဲစခန်းမှ (ပ)၁၈/ ၂ဝ၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။