images
UN
UN
သံဖောက်စက်အသုံးပြုရာမှ ဓာတ်လိုက်သေဆုံး
ကချင်မြေနဂါး Monday, 01 October 2018
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် တွင် ဆန်စက်၏အထိုင်စက်များ အထိုင်ချရန်အတွက် သံဖောက် စက်ကိုအသုံးပြုရာမှ ဓာတ်လိုက် သေဆုံးခဲ့သဖြင့် မိုးကောင်းမြို့မ ရဲစခန်းမှ သေမှုသေခင်းရေးဖွင့် ထားခဲ့သည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့ ကျွန်း တောရပ်ကွက်ရှိ ရွှေမြန်မာ ဆန် စက်ပိုင်ရှင်ဦးသိန်းဝင်းသည် ယမန် နေ့ ညနေ ၄ နာရီကျော်တွင် သား ဖြစ်သူနေမျိုးကျော်နှင့်အတူ ဆန် စက်၏ အထိုင်စက်များအထိုင်ပြန် ချရန်အတွက် သံဖောက်စက်ဖြင့် မူလီတိုင်အပေါက်များ ဖောက်ရာမှ ဓာတ်လိုက်ကာ နေရာတွင်လဲကျ သွားခဲ့သည်။
ထို့ကြောင့်သားဖြစ်သူနေမျိုး ကျော်မှ ကိုယ်ပိုင်ယာဉ်ဖြင့် မိုး ကောင်း ပြည်သူ့ဆေးရုံသို့ပို့ဆောင် ခဲ့၍ ဆေးဝါးကုသမှုခံယူခဲ့သော် လည်း အသက်ဆုံးရှုံးခဲ့သဖြင့် မိုး ကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သျားသက်အောင်နှင့် တပ်ဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဓာတ်လိုက်သေဆုံး သူ ဦးသိန်းဝင်း (၅၅နှစ်)ကျွန်း တောရပ်ကွက် မိုးကောင်းမြို့နေ ထိုင်သူသေဆုံးမှုအား မိုးကောင်း မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ်(၁၇/၂ဝ၁၈)ဖြင့် ရေးဖွင့်ထား ကြောင်းသိရသည်။