images
UN
UN
နိုင်ငံခြားတက္ကသိုလ်များတွင် ကျောင်းတက်လိုသော ကျောင်းသားများ IELTS 300: Target ထားပြင်ဆင်ရန်လို
ရွှေရောင် Monday, 01 October 2018
နိုင်ငံခြားတက္ကသိုလ်များတွင် ကျောင်းတက်လိုသော ကျောင်း သားများအနေဖြင့်IELTS (International English Language Testing System) အား ရည်ရွယ်ချက်ထားပြင်ဆင်ရန် လိုအပ် ကြောင်း James Cook Unversity ၏ Country မန်နေဂျာ မစန်း သူဇာမြိုင်က ပြောသည်။
''အဓိကတော့ အင်္ဂလိပ်စာပေါ့။ အမတို့ရဲ့ပထမဘာသာ စကားက အင်္ဂလိပ်စာမဟုတ်တဲ့အတွက် ကလေးတွေကို အင်္ဂလိပ် စာလိုအပ်ချက်တောင်းတယ်။ တချို့ကလေးတွေကျတော့လည်း IELTS ကို Target မရှိဘဲ သုံးလလောက်တက်လိုက်စွဲတက်လိုက် လုပ်တယ်။ အဲလိုမျိုးမဟုတ်ဘဲ ကိုယ့်ရည်ရွယ်ချက်ကိုထား ငါ နိုင်ငံခြားမှာဘယ်တော့ကျောင်းသွားတက်မယ် IELTSကို ဘယ်လိုဖြေမလဲ ဘယ်နှစ်လတက်မလဲပေါ့နော်''ဟု ၄င်းကပြော သည်။
နိုင်ငံခြားပညာသင်ကြားရေးတွင် နိုင်ငံတစ်နိုင်ငံရှိ ကျောင်း တစ်ကျောင်းနှင့် တစ်ကျောင်းအင်္ဂလိပ်စာလိုအပ်ချက်တောင်းခံမှု မှာ တူညီမှုမရှိကြောင်း၊ သြစတြေးလျအစိုးရတက္ကသိုလ် James Cook University တွင် ကျောင်းတက်လိုလျှင် Foundationတက်လိုပါက IELTS (5.5) ၊ ဒီဂရီတက်လိုပါက(6.0) ၊ မာစတာ တက်လိုပါက(6.5) ဟူ၍ခွဲခြားထား၍ ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်ထားသင့်ကြောင်း သိရသည်။
''အမတို့ကျောင်းမှာဆိုဆရာတွေက အချိန်ပြည့်တွေခန့်တယ်။ ဒေါက်တာတွေချည်းပဲ ဒေါက်တာတောင် research active ဖြစ်တဲ့ ဒေါက်တာပဲခန့်တယ်။ အဲတော့ နိုင်ငံပေါင်းစုံကဆရာတွေရှိတယ်။ သူတို့ ရဲ့သင်ကြားမှုကိုနားလည်ဖို့ အင်္ဂလိပ်စာကိုအဓိကတောင်း တာပါ''ဟု ၄င်းကပြောသည်။