images
UN
UN
တစညပါတီ နှစ်(၃ဝ)ပြည့် ပုလဲရတုနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပ
ထွန်းမှီ(နတ်မောက်) Monday, 01 October 2018
တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ မကွေးတိုင်းဒေသကြီး မကွေးမြို့ ကော်မတီခန်းမဆောင် တွင် မကွေးတိုင်းဒေသကြီးကိုယ် စားပြုပါတီနှစ်(၃ဝ)ပြည့် ပုလဲရတု နှစ်ပတ်လည်အထိမ်းအမှတ်အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းသီဆိုခဲ့ပြီး နိုင်ငံတော်အလံအား တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်၁ဝဝဝ ကျော်တို့ကအလေးပြုခဲ့သည်။
ဆက်လက်ပြီး သဘာပတိက မိန့်ခွန်းပြောကြားခဲ့ရာမှာ မိမိတို့ ပါတီ၏ နှစ်(၃ဝ)ပြည့်အခမ်းအနား ကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ကျင်းပလျက်ရှိ ပါကြောင်း၊ ပါတီ၏ မူဝါဒလမ်း စဉ်များမှာ အခြေခံလူတန်းစားများ ကို ကိုယ်စားပြုသည့်ပါတီဖြစ် ပါ ကြောင်း၊ပါတီနှစ်(၃ဝ)တိုင်တည်တံ့ ခိုင်မြဲနေခြင်းသည် ပါတီဝင်များ ဝန်းရံလျက်ရှိနေပါကြောင်း၊ ဤကဲ့ သို့ မိမိတို့ပါတီ ရပ်တည်နေခြင်း သည်ပြည်သူ့အကျိုး၊ နိုင်ငံတော်၏ အကျိုးနှင့်အမျိုးသားရေး လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရန် ရည် မှန်းထားသည့်အတိုင်း လက်တွေ့ လုပ်ဆောင်ခဲ့သည်ကိုအားလုံး သိရှိ ပြီးဖြစ်ပါကြောင်း၊ မိမိပါတီ၏ မူဝါဒများဖြစ်သည့် အခြားပါတီ များကို ရန်သူလိုသဘောမထားပါ ကြောင်း၊ မိမိတို့၏ပြိုင်ဘက် နိုင်ငံ အကျိုးနိုင်ငံသားတို့၏အကျိုးစီးပွား များကိုမည်သည့်ပါတီက ပို၍လုပ် ဆောင်ပေးနိုင်သည်ကိုသာပြိုင်ဆိုင် ခြင်းဖြစ်ပါကြောင်း၊အမျိုးသားရေး နှင့်ပတ်သက်လာပါက ဒီနေ့ကြုံ တွေ့နေရသည့်ရခိုင်ပြည်နယ်အရေး ကိစ္စသည်မြန်မာတစ်နိုင်ငံလုံး၏ အရေးဖြစ်ပါကြောင်း၊ ကိုယ်နှင့် မဆိုင်သလိုနေခဲ့လို့မရသလို ရခိုင် ပြည်နယ်ရှိတိုင်းရင်းသားများနှင့် တာဝန်ကျ အစိုးရဝန်ထမ်းအချို့တို့ ကိုလူမဆန်ရက်စက်စွာအကြမ်းဖက် သတ်ဖြတ်ခဲ့သည့်မူဆလင်ဘင်္ဂါလီ လူမျိုးအကြမ်းဖက်သူတို့အား ပြန် လည်ပြီး မြန်မာ့တပ်မတော်မှ ရှင်း လင်းပေးခဲ့ရခြင်းကို ဒီနေ့အနောက် နိုင်ငံကြီးအချို့အပါအဝင် (OIC ) အဖွဲ့ဝင်နိုင်ငံများအား ဖိအားပေး ကာတပ်မတော်ခေါင်းဆောင် အချို့ တို့ကို (ICC)ခုံရုံးတင် တရားစွဲဆို ရန်ြေ<ွကးကြော်နေတာရှိပါကြောင်း၊ ဒါတွေအားလုံးကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်ထု အားလုံးကပြည်သူအများနှင့် အတူ ကန့်ကွက်ရှုတ်ချပါကြောင်းပြတ်သား စွာပြောကြားကြောင်း သိရသည်။
ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်း တင်၏သဝဏ်လွှာအား ဦးထွန်းနိုင် စိုး၊ မကွေးတိုင်းကော်မတီဝင်(လူ ငယ်တာဝန်ခံ)ကဖတ်ကြား ဂုဏ်ပြု ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ပြောကြားချက်များကို ဦးသန်းဦး (မကွေးတိုင်း ကော်မတီ ဝင်)၊မခိုင်နွယ်စိုး(တောင်တွင်းကြီး မြို့နယ်)တို့ကပြန်လည် ဆွေးနွေး ခဲ့ကြကာပါတီနှစ်(၃ဝ)ပြည့်အထိမ်း အမှတ်နေ့တွင် ထုတ်ပြန်ခဲ့သော ပါတီ၏သဘောထားရပ်တည်ချက်ကို ဦးအံ့မြိုင်(မကွေးမြို့)ကော်မတီဝင် ကဖတ်ကြားခဲ့ပါကြောင်း၊ဆက်လက် ၍ပါတီနှစ်စဉ်ကြေးများ ပေးသွင်းခဲ့ ရာ ဦးကျော်ဝင်း တိုင်းစည်း/ရှား ခေါင်းဆောင်က လက်ခံခဲ့ပြီး သဘာပတိနှင့်အတူ တက်ရောက် လာသူတို့က အမ်းအနားကိုြေ<ွကး ကြော်သံများနှင့်အောင်မြင်စွာ ပြီး မြောက်ကြောင်း သိရသည်။