images
UN
UN
ဒေသတွင်းငှက်မျိုးစိတ်ထိန်းသိမ်းမှုဆိုင်ရာအသိပညာဖြန့်ဝေနိုင်ရေး ငှက်ကြည့်လမ်းညွှန်သင်တန်းဖွင့်
ဇော်မျိုးနိုင်(မြိတ်) Monday, 01 October 2018
ဒေသတွင်းကျင်လည်ကျက်စား နေထိုင်သည့် သက်ရှိသတ္တဝါမျိုး စိတ်များက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ရာ ဒေသတွင်းကျင် လည်နေထိုင်ကြသည့် ငှက်မျိုးစိတ် များထိန်းသိမ်းတတ်စေရေးအတွက် မြိတ်တက္ကသိုလ်နှင့် မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်းတို့ ပူးပေါင်း၍ ငှက်ကြည့်လမ်းညွှန် သင်တန်းကိုယနေ့၌မြိတ်တက္ကသိုလ် ပင်မဆောင်တွင် ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် သင်တန်းတက် ရောက်မည့် တက္ကသိုလ်မောင်မယ် များအနေဖြင့် ဒေသန္တရကျွမ်းကျင် ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား၍ သင်ယူကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အမှာစကားပြော ကြားသည်။
''မြိတ်ကျွန်းစုက လက်ရှိရေ လုပ်ငန်းကိုမှီတည်ပြီး စီးပွားရေး လုပ်ငန်းအောင်မြင်ပါတယ်။ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေ ကျလာ တာနဲ့အမျှ ဒီလုပ်ငန်းတွေဟာ ရေ ရှည်တည်တံ့ခိုင်မြဲဖို့အင်မတန်ခက်ခဲ ပါတယ်။ဒီတော့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းလိုဟာမျိုး၊သဘာဝ ရေရှည်တည်တံ့စေတဲ့ မျိုးစိတ်ထိန်း သိမ်းရေးလုပ်ငန်းလိုဟာမျိုးကို တွဲပြီးလုပ်သွားနိုင်ပါမှ ရေရှည် အဆင်ပြေနိုင်ပါမယ်''ဟုသက်ရှိ မျိုးစိတ်ထိန်းသိမ်းရေးနှင့် ရေရှည် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး အတွက် မြန်မာငှက်နှင့် သဘာဝ ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကပြောသည်။
ထိုနောက် မြိတ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ နီနီဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားပြီး မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်ခွဲခြားခြင်း၊ ဒေသ အတွင်းရှိငှက်မျိုးစိတ်များခွဲခြားခြင်း၊ ဒေသအတွင်းနှစ်စဉ်ဝင်ရောက်လာ သည့်ခရီးဝေးပျံသန်းသည့်ငှက်များ၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ငှက်မျိုးစိတ်များအကြောင်း ကို မြန်မာနိုင်ငံငှက်နှင့်သဘာဝ ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်နည်းပြဆရာလေးဦးတို့ က ယနေ့မှ ယခုလ ၉ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ရာ အဆိုပါ အသင်းမှအသင်းဝင်၁၉ဦးနှင့် မြိတ် တက္ကသိုလ်ကျောင်းသားကျောင်းသူ ၄၉ ဦးတို့တက်ရောက် လေ့လာ သင်ယူကြမည်ဖြစ်ကြောင်းသိရသည်။