images
UN
UN
ဆန်းချက်ဇ်နှင့်မပြေလည်မှုကို မော်ရင်ဟို ထပ်မံဖြေရှင်းရမည် ဗလန်စီယာနှင့်ပွဲတွင်ရလဒ်ဆိုးခဲ့ပါက မော်ရင်ဟိုကိုမန်ယူထုတ်ပယ်ဖွယ်ရှိ
Monday, 01 October 2018
မန်ယူနည်းပြမော်ရင်ဟိုသည် ကွင်းလယ်လူဆန်းချက်ဇ်နှင့် မပြေ လည်မှုကို ထပ်မံဖြေရှင်းရမည်ဖြစ် ပြီး ၄င်းနှင့်ကစားသမားများကြား စည်းလုံးမှုမှာလည်း မေးခွန်းထုတ် စရာဖြစ်လာခဲ့သည်။ မော်ရင်ဟို သည် ယခုရာသီတွင် မာရှယ်၊ ပေါ့ဂ်ဘာတို့နှင့် အဆင်မပြေမှု ဖြစ် ပွားနေပြီး လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နှင့်ပါ သဘောထားကွဲ လွဲမှုရှိနေသည်ဟု သတင်းထွက် နေသည်။ ဝက်စ်ဟမ်းနှင့်ကစားခဲ့ သောပွဲတွင် လူစာရင်းမှဆန်းချက်ဇ် ကိုချန်လှပ်ထားခဲ့မှုကြောင့် ဆန်း ချက်ဇ်က ၄င်း၏အနာဂတ်နှင့်ပတ် သက်၍ မေးမြန်းမှုများပြုလုပ်သည် အထိ ဖြစ်လာခဲ့သည်။ ထို့ကြောင့် စီနီယာကစားသမားများနှင့် မော် ရင်ဟိုကြားရှိ ပြဿနာများမှာ ပိုမို ကြီးထွားလာခဲ့ပြီဖြစ်သည်။
ဆန်းချက်ဇ်သည် မန်ယူ၌ တစ်ပတ်လုပ်ခ ပေါင် ၅ဝဝဝဝ ရရှိနေသူဖြစ်သည်။ သို့သော် မန် ယူနှင့်စုစုပေါင်းကစားခဲ့သော ပွဲ စဉ် ၂၃ ပွဲ၌ သုံးဂိုးသာ သွင်းယူ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ခြောက်ကြိမ် သာပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ ကြောင့် ၄င်းကို ရောင်းထုတ်သင့် သည်ဟုမန်ယူကစားသမားဟောင်း များက အကြံပြုနေကြသည်။ ၄င်း သည် ယခုရာသီတွင်ကစားခဲ့သည့် ငါးပွဲအတွင်း၌လည်း ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။
မန်ယူသည် ပရီးမီးယားလိဂ် ၌ ရလဒ်ဆိုးရွားနေသဖြင့် နည်းပြ မော်ရင်ဟိုသည် ဖိအားဒဏ်များ ကို ခံနေရသူဖြစ်သည်။ ဗလန်စီ ယာနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲ တွင် ထပ်မံရလဒ်ဆိုးခဲ့ပါက ၄င်း ကို မန်ယူက ထုတ်ပယ်လိမ့်မည် ဟု ဗြိတိန်မီဒီယာများက ခန့်မှန်း နေကြသည်။ Ref ;Mirror