images
UN
UN
ဖားဆောင်းမြို့နယ်တွင် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်
မင်းမြင့်မိုရ်(ငါန်းဇွန်) Tuesday, 02 October 2018
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြောက်ပိုင်း ရပ်ကွက်ရှိပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စေရန်အတွက် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းက အမှာစကားပြောကြားသည်။ ဆက် လက်၍ သင်တန်းနည်းပြကသင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာ ရပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်၊မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် မြောက်ပိုင်း ရပ်ကွက်ရှိသင်တန်းသူ၂ဝတက်ရောက်ကြောင်း သိရသည်။