images
UN
UN
တပ်မတော်၏အရန်အင်အားသည် စစ်မှုထမ်းဟောင်းများဖြစ် သာကေတမြို့နယ်စစ်မှုထမ်းဟောင်းများငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်
ဖိုးချို Thursday, 04 October 2018
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့အင်အား ၃၁ဝ ခန့်တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် သာကေတမြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးမင်း ဇော်(ငြိမ်း)၊ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးတင်မြင့် (ငြိမ်း)တို့၏ ဦးဆောင်မှုဖြင့် သာကေတမြို့ နယ် မြကန်သာပန်းခြံ မြင်တော်သာလမ်းမ ကြီးတွင်တပ်မတော်အားထောက်ခံကြောင်း ဗီနိုင်းပိုစတာများကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည်။
သာကေတမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းဇော် (ငြိမ်း)က မည် သည့်အဖွဲ့အစည်း၏ တိုက်တွန်းမှုမပါဝင် ဘဲ မိမိတို့ဆန္ဒအလျောက် လာရောက်ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ဒို့တာဝန်အရေး သုံးပါးနှင့်တိုင်းပြည်အချုပ်အခြာအာဏာ ကိုထိပါးလျှင် တိုင်းပြည်ကို ကာကွယ်မည် ဖြစ်ကြောင်းပြောကြားသည်။ ဆန္ဒထုတ် ဖော်ရာသို့ ရန်ကုန်တိုင်းဒေသကြီး စစ်မှု ထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး (ငြိမ်း)က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့်အတူ ပါဝင်ဆန္ဒထုတ်ဖော်သည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး(ငြိမ်း)သည် သာကေတမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ၂ဝ၁၇-၂ဝ၁၈ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို နံနက် ၉ နာရီတွင် တက်ရောက်ပြီး အဖွဲ့ဝင်များ အား တိုင်းပြည်၏အခြေအနေ၊ စစ်မှုထမ်း ဟောင်းအဖွဲ့၏ ရည်ရွယ်ချက်လေးရပ်၊ အခြေခံလမ်းစဉ် ခုနစ်ရပ်တို့ကို လမ်းညွှန် မှာကြားသည်။
၂ဝ၁၇-၂ဝ၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် သာကေတမြို့နယ်စစ်မှု ထမ်းဟောင်းဥက္ကဋ္ဌဗိုလ်ကြီးမင်းဇော်(ငြိမ်း) က သဘာပတိအဖြစ်ဆောင်ရွက်ပြီးမြို့နယ် အမှုဆောင်အစီရင်ခံစာကို ဒုအရာခံဗိုလ် (ငြိမ်း)လှဦး၊ တသဌေးမြင့်တို့က ဖတ်ကြား တင်ပြကြရာ တက်ရောက်လာသောအဖွဲ့ ဝင်များက ထောက်ခံအတည်ပြုကြောင်း အခမ်းအနားမှူး တကက စိုးဝင်းက မှတ် တမ်းတင်ဖတ်ကြားသည်။
ယင်းနောက် တက်ရောက်လာသော အင်အား ၂၁ဝ တို့က ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံးမှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်ခုနစ်ရပ်အောင်ရမည်ြေ<ွကး ကြော်သံများနှင့်အခမ်းအနားကို အောင်မြင် စွာရုပ်သိမ်းကြောင်း သိရသည်။