images
UN
UN
ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
ရီရယ်(ဒီမောဆို) Friday, 05 October 2018
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီမောဆိုမြို့နယ်တွင် ယာဉ် အသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့များ က ယနေ့ နံနက် ၈ နာရီခွဲတွင် လွိုင်ကော်-ဒီမောဆိုသွား ပြည် ထောင်စုကားလမ်းမကြီးပေါ်ရှိ ငွေတောင်ဆည်ရှေ့၌ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ရာတွင် ဒီမောဆိုမြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးလင်းနိုင်ဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်မောင်းသူများအား လိုက်နာဆောင်ရွက်ရ မည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီမောဆိုမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဆုံလမ်းခွဖြစ်သော လွိုင်ကော်-တောင်ငူ-ဒီမောဆိုလမ်းခွဲနှင့် လွိုင်ကော်-ဒီမောဆို-ဒေါတမကြီးလမ်းခွဲတို့တွင် ယာဉ်ထိန်းအချက်ပြ မီးပွိုင့် တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။