images
UN
UN
မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး
ကချင်မြေနဂါး Friday, 05 October 2018
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော် ဟန်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ယုဇနခန်းမဆောင်တွင် ယမန်နေ့ နံနက် ၁ဝနာရီက စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
အစီအစဉ်အရ မိုးညှင်းခရိုင် စားသုံး သူရေးရာဦးစီးဌာနဦးစီးမှူး ဦးမောင်မောင် ခိုင်က အမှာစကားပြောကြားခဲ့ပြီး မိုးညှင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဌာန ဆရာဝန်ဒေါက်တာသန်းထွန်းက ခွေးရူး ပြန်ရောဂါအကြောင်း သိကောင်းစရာများ နှင့်ဆောင်ရန် ရှောင်ရန်များနှင့် ကာ ကွယ်ရန်အတွက် လိုက်နာကျင့်သုံးရမည့် အချက်များကို ဟောဟြေခဲ့သည်။
ဆက်လက်၍ ကချင်ပြည်နယ် စားသုံး သူရေးရာ လူမှုကူညီရေးအဖွဲ့တာဝန်ခံ ဦးဘရမ်အောင်(လွယ်ရန်ဘွမ်)က စား သောက်ကုန်ပစ္စည်းများနှင့် စားသုံးရန် မသင့်သော အကြောင်းအရာများနှင့်ြ<ွကပ်ြ<ွကပ်အိတ်သုံးစွဲမှုအန္တရာယ်အကြောင်း တို့ကို ဟောဟြေပြီး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ဒုဦးစီးမှူးဦးဝင်းသိန်းကသက် တမ်းကုန်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်များအကြောင်းကို ပရိုဂျက်တာ များဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ မိုးညှင်းခရိုင် စား သုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်၊ ဒုတိယခရိုင်ဦးစီးမှူး ဦးဝင်းသိန်းဦး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ကြီးကြပ်ရေးမှူးဦးစိုးလွင်နှင့်အဖွဲ့ ကချင်ပြည်နယ် စားသုံးသူရေးရာ လူမှု ကူညီရေးအဖွဲ့တာဝန်ခံ ဦးဘရမ်အောင် (လွယ်ရန်ဘွမ်)နှင့် အဖွဲ့များ၊ကြက်ခြေနီ အဖွဲ့များ၊ ဆရာဆရာမများနှင့် ကျောင်း သား ကျောင်းသူစုစုပေါင်း ၁ဝဝဝကျော် တို့တက်ရောက်ကြပြီး တာဝန်ရှိသူများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အခမ်းအနား သို့တက်ရောက်လာကြသူများမှ ပညာပေး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုကြ ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြား ခဲ့ကြပြီး မိုးညှင်းခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းတွင်း ဈေးအရောင်းဆိုင်များနှင့် ကျေးရွာအတွင်းရှိ ဈေးဆိုင်များသို့သွား ရောက်စစ်ဆေးကာ အသိပညာပေးမှုများ လုပ်ဆောင်ကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် မော်ဟန်အထက ယုဇန ခန်းမဆောင်၌ မော်ဟန်ကျေးရွာအတွင်းရှိ မော်ဟန်မူလတန်းကျောင်း၊ မော်ပင့် မူလ တန်းကျောင်း၊ ဘူတာစုမူလတန်းကျောင်း၊ နတ်ကြီးကုန်း မူလတန်းကျောင်း(တွဲ)နှင့် သီလရှင် ပညာသင်ကျောင်များမှ ကျောင်း သားကျောင်းသူ ၂ဝဝ ကျော်တို့အား စား သုံးသူအကာအကွယ်ပေးရေး အသိပညာ ပေး ဟောပြောကြကြောင်းသိရပေသည်။