images
UN
UN
စားသုံးသူကာကွယ်ရေး သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် စာဖတ်လာစေရေး အသိပညာပေးဟောပြော
သန်းထိုက်(ရေဦး) Friday, 05 October 2018
ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် စာပေဖတ်ရှုလာစေရေး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်တတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၉နာရီက စားသုံး သူရေးရာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆံရေးဦးစီးဌာန၊မီးသတ် တပ်ဖွဲ့တို့ပူးပေါင်း၍ 'ဂျီအီးအေ' ကိုယ်ပိုင်အထက်တန်းဆင့် သင် ကျောင်း၌အသိပညာပေးဟောပြော ခဲ့သည်။
ရှေးဦးစွာစားသုံးသူရေးရာဦးစီး ဌာနမြို့နယ်တာဝန်ခံ ဦးအောင်ညွန့် က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန် ကြေညာထားသည့်စားသုံးရန်မသင့် ဓာတုဆိုးဆေးပါ အစားအသောက် များအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေး မြင့်စန်းက ပြည်သူ့စာကြည့်တိုက် ဆိုသည်မှာနှင့် ကွန်မြူနတီစင်တာ အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး ရရှိ ခဲ့ပုံကိုလည်းကောင်း၊မီးသတ်တပ်ဖွဲ့ စခန်းတာဝန်ခံဦးရန်ပိုင်ဖြိုးက မီး ဘေး ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနည်းလမ်းများ မီး ငြှိမ်းသတ်နည်းများ၊ဒဏ်ရာရနေသူ အား ကူညီကယ်ဆယ်နည်းများကို လည်းကောင်းဟောပြောခဲ့သည်။
ဆက်လက်၍မီးသတ်ဦးစီးမှူး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ဆေး ဘူးအသုံးပြု မီးငြှိမ်းသတ်နည်း၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်နည်းများ ကိုကျောင်းသားကျောင်းသူများ အား လက်တွေ့သင်ကြားပြသပေး ပြီး အတူသရုပ်ပြ ဇာတ်တိုက်လေ့ ကျင့်ပေးခဲ့ကြောင်း သိရသည်။