images
UN
UN
ပညာရေးဆိုင်ရာမူဝါဒများနှင့်လမ်းညွှန်မှာကြားချက်များအသိပေး ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကတ်ပေးအပ်
ဝင်းအောင်(မိုးကောင်း) Friday, 05 October 2018
ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများအား ပညာ ရေးဆိုင်ရာ မူဝါဒများနှင့်လမ်းညွှန် မှာကြားချက်များအသိပေးရှင်းလင်း ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိကိုယ်ပိုင်ကျောင်း ၃၂ ကျောင်းမှတည်ထောင်သူများ နှင့် ကြီးကြပ်အုပ်ချုပ်သူများ စုစု ပေါင်း ၆ဝ တက်ရောက်ကြသည်။
ရှင်းလင်းပွဲတွင်ပြည်နယ်ပညာ ရေးမှူး ဒေါ်ခင်သန်းနွဲ့ကပညာရေး ဆိုင်ရာမူဝါဒများနှင့် လမ်းညွှန် မှာကြားချက်များကိုလည်းကောင်း၊ ကိုယ်ပိုင်ကျောင်း တာဝန်ခံအရာ ရှိ ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (ကျောင်းသားရေးရာ) ဦးမင်းဦးက ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ နည်းဥပဒေတို့နှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ပညာရေး မှူးက ၂ဝ၁၈-၂ဝ၁၉ ပညာသင် နှစ်တွင်ဖွင့်လှစ်ခွင့်ရသောကိုယ်ပိုင် ကျောင်းများအတွက် မှတ်ပုံတင် ကတ်ပြားများကို ကိုယ်ပိုင်ကျောင်း တည်ထောင်သူများထံ ပေးအပ်ခဲ့ ကြောင်းသိရသည်။