images
UN
UN
မန္တလေးတိုင်းဒေသကြီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲကျင်းပ ဆုချီးမြှင့်
မောင်ပြည်သူ(မန္တလေး) Friday, 05 October 2018
အမျိုးသမီး ကိုယ်ကာယကြံ့ ခိုင်မှုအေရိုးဗစ်အားကစား အဆင့် အတန်းမြင့်မားလာစေရန်၊ ဒေသ အတွင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ထူး ချွန်သော မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များမိမိဝါသနာပါ ရာ အားကစားနည်းတစ်ခုခုကို စိတ်ပါဝင်စားစွာကစားခြင်းဖြင့် ကိုယ်ရောစိတ်ပါလန်းဆန်းတက် ကြွလာစေရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်လက်ရွေးစင်အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၈ ခုနှစ် မန္တလေး တိုင်းဒေသကြီး ခရိုင်ပေါင်းစုံအမျိုး သမီးကိုယ်ကာယ ကြံ့ခိုင်မှုအေရိုး ဗစ်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီက မန္တလေးမြို့ ဗထူးအား ကစားခန်းမတွင်ကျင်းပရာ မန္တ လေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီနာယက ဒေါက်တာယု ယုမေတက်ရောက် အားပေးပြီး အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြများအားလိုက်လံနှုတ်ဆက် အားပေးသည်။
(၂၄)ကြိမ်မြောက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိစေရန် ခရိုင်ပေါင်း စုံပြိုင်ပွဲကျင်းပကာ လူရွေးချယ် ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် Myanmar Fitness Dance ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲအမျိုးအစားငါး မျိုးယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲ သို့ မန္တလေးတိုင်းဒေသကြီး အား ကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် ခရိုင်၊ မြို့နယ်အားကစားမှူးများ၊ ကြီးကြပ်ဒိုင်များ၊ နည်းပြများနှင့် အားကစားသမားများတက်ရောက် ကြသည်။ ပြိုင်ပွဲတွင်အသက် ၁၄ နှစ်အောက် ခုနစ်သင်းနှင့် အသက် ၁၄နှစ်အထက်ခြောက်သင်းယှဉ်ပြိုင် ကြပြီးတံခွန်စိုက်ဆုရကျောက်ဆည် ခရိုင်အသင်းအား တာဝန်ရှိသူ များက ဆုချီးမြှင့်ခဲ့သည်။