images
UN
UN
တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
မျိုးညွန့်ရွှေ(မိုးနဲ) Friday, 05 October 2018

ရှမ်းပြည်နယ်(တောင်ပိုင်း)မိုးနဲ မြို့နယ် ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် တစ်နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင်ယနေ့နံနက်၈နာရီကစတင်ထိုး နှံပေးနေကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်ကပေါ်စေးနှင့် သားဖွား ဆရာမများက ကလေးငယ်များ အား ပေါင်ချိန်ပေးခြင်း၊တစ်နှစ် အောက်ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါပုံမှန် ကာ ကွယ်ဆေးထိုးဆေးတိုက်ခြင်းကို ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံပေး ခြင်းဖြင့် ကလေးငယ်များ တီဘီ ရောဂါ၊ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါနှင့် ဝက်သက် ရောဂါတို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။