images
UN
UN
ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း တားမြစ်ခံရသဖြင့် သတင်းစာရှင်းလင်း
အောင်ဇေ Saturday, 06 October 2018
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် တော်ဝင်နှင်းဆီစားသောက် ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ စုံတွဲကြိုးကြာ (မြန်မာ)(DOUBLE CRANE) ကုမ္ပဏီမှပေးသော အခွင့်အရေးနှင့် ရလဒ်များရရှိမှုအပေါ် စားသုံးသူ ကိုယ်စားလှယ်များက စာနယ်ဇင်း ရှင်းလင်းသည်။
အဆိုပါအခမ်းအနားတွင် တက် ရောက်လာသော အရောင်းကိုယ်စား လှယ်တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ ထုတ်ကုန်ပစ္စည်းသုံး စွဲ၊ ပြန်လည်ဖြန့်ချိသူများ တက် ရောက်ကြသည်။ စုံတွဲကြိုးကြာ ကုမ္ပဏီသည် လူသုံးကုန်နှင့်ရောဂါ ပျောက်ကင်းစေသော ဆေးဝါး ဓာတ်စာများကို လူမှုကွန်ရက်နှင့် လူတစ်ဦးချင်းမှ လက်ဆက်ဖြန့်ဝေ သော လုပ်ငန်းဖြစ်ပြီး ၄င်းလုပ်ငန်း များကို M.L.M နည်းဖြင့် ဖြန့်ဝေ မှုအပေါ် စီးပွားကူးသန်းဝန်ကြီး ဌာနမှ ပိတ်ပင်လိုက်ခြင်းအား ၄င်း ကုမ္ပဏီ၏လုပ်ငန်းများ လက်ရှိ ဆောင်ရွက်နေသော စားသုံးသူများ၊ ကိုယ်စားလှယ်များက ဆက်လက် ၍ ဖွင့်ခွင့်မပေးလျှင် လူဦးရေသိန်း ကျော်ခန့် အလုပ်လက်မဲ့ရောက်ကြ မည်ဖြစ်ပြီး ရောဂါပျောက်ဆေးဝါး သုံးစွဲနေသူများ အခက်အခဲနှင့်ဆေး ဝါးဓာတ်စာဖြန့်ချိရေးလုပ်ငန်း လုပ် ဆောင်သူများအခက်အခဲကို ၄င်း ကုမ္ပဏီ၏အကြီးတန်းဖြန့်ချိသူများ က ရှင်းလင်းပြောကြားရာ ၄င်း ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများ သည် ပြည်တွင်း၌ သုံးနှစ်ခန့် အခွန် ပေးဆောင်ဖြန့်ချိလူသိများလာပြီး M.L.M စနစ်ကြောင့် ရပ်ဆိုင်းရ ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။
၎င်းစုံတွဲကြိုးကြာကုမ္ပဏီ(Dou Ble CRANE)အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် (၄၆/၂ဝ၁၈) ၁၃၈ဝ ပြည့်နှစ် တော် သလင်းလဆန်း ၉ရက်(၂ဝ၁၈ခုနှစ် စက်တင်ဘာ ၁၈ရက်)၊ ၃၁-၈-၂ဝ၁၈ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၉၄/၂ဝ၁၈ အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့် ကျင့်သုံးရန် အမိန့်ကြော်ငြာစာထုတ်ပြန်ထား သည်။ ကြော်ငြာစာတွင် ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) နှင့် စပ်လျဉ်း၍တားမြစ်ခြင်းဟုပါရှိသည်။
ဆင့်ပွားဈေးကွက်ဖြန့်ချိရေး လုပ်ငန်း(MULTI LEVEL MA-RKETING)ဖြင့် ဖြန့်ချိရေးလုပ် ငန်းများတွင်မှန်မှန်ကန်ကန်နှင့်လုပ် ကိုင်ဆောင်ရွက်သော ကုမ္ပဏီများ သည် ထိခိုက်နစ်နာရကြောင်းနှင့် စုံတွဲကြိုးကြာ(DOUBLE CRA-NE)ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်း များကို ပိတ်သိမ်းခြင်းမဟုတ်ဘဲ (MLM)ဆင့်ပွားဈေးကွက်ဖြန့်ချိ ရေးလုပ်ငန်းကို တားမြစ်ခြင်းဖြစ် ကြောင်းနှင့်၎င်းကုမ္ပဏီ၏ စီးပွား ရေးမှီခိုနေသူများ လူမှုရေး၊ ကျန်း မာရေး၊ စီးပွားရေးများ နစ်နာဆုံး ရှုံးရကြောင်း သတင်းစာရှင်းလင်း သည်။