images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
Saturday, 06 October 2018
မူဆယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်း က မြို့နယ်ရုံးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ပြည်နယ်/ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်ကျေး ရွာများမှ အမျိုးသမီးအဖွဲ့များ စုစုပေါင်းအင်အား ၁ဝ၂ ဦးတက် ရောက်ခဲ့ကြသည်။
အခမ်းအနား ပထမပိုင်းတွင် တက်ရောက်လာသော ပြည်နယ် ကော်မတီဝင်၊ ခရိုင်/မြို့နယ်ဥက္ကဋ္ဌ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပွဲကျင်းပရခြင်းနှင့် ဆောင်ရွက်ရမည်တို့ကို ရှင်းလင်း ပြောကြားသည်။ အစီအစဉ်ဒုတိယ ပိုင်းတွင်အစုအဖွဲ့လေးဖွဲ့ခွဲ၍ ဆွေး နွေးကြကြောင်း သိရသည်။