images
UN
UN
ယာဉ်မောင်းလိုင်စင်အတွက် ကောက်ခံနေသော နှုန်းထားများကို ၁ဝ ဆကျော် တိုးမြှင့်ကောက်ခံ
နေဂျူလိုင်ဝင်း Saturday, 06 October 2018
ယာဉ်မောင်းလိုင်စင်အတွက် ကောက် ခံနေသော နှုန်းထားများကို တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ပို့ဆောင် ဆက်သွယ်ရေးနှင့်ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနက ယာဉ်မောင်းလိုင်စင် ထုတ်ပေး ခြင်းနှင့် လဲလှယ်ခြင်း၊ သက်တမ်းတိုးခြင်း၊ မိတ္တူထုတ်ပေးခြင်း၊ နေရပ်ပြောင်းလဲခြင်း၊ နယ်ဝင်၊ နယ်ထွက် ဆောင်ရွက်ပေးခြင်း နှင့် လိုင်စင်အမျိုးအစား တစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းများတွင် ဆောင်ရွက်ရသော လုပ်ငန်းအမျိုးအစားအလိုက် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။
ယာဉ်မောင်းလိုင်စင်အတွက် ကောက် ခံနေသောနှုန်းထားများမှာ ၁၉၉၇ခုနှစ်က သတ်မှတ်ခဲ့သည့် နှုန်းထားများအတိုင်း ကောက်ခံနေခြင်းဖြစ်ပြီးယခုမူလကောက်ခံ နေသည့်နှုန်းထားများအပေါ် ၁ဝ ဒသမ ၅၉ ဆ တိုးမြှင့်ကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ 'သ'လိုင်စင်သက်တမ်း တစ်နှစ်အတွက် အနည်းဆုံးကျပ်၃ဝဝဝမှ ကျပ် ၆ဝဝဝ အတွင်း (က/၁)လိုင်စင် သက်တမ်း နှစ်နှစ်အတွက် အနိမ့်ဆုံးကျပ် ၅ဝဝဝ မှ ကျပ်၆ဝဝဝအတွင်း၊ 'က'လိုင် စင်သက်တမ်း ငါးနှစ်အတွက် အနိမ့်ဆုံး ကျပ် ၆ဝဝဝ မှကျပ် ၁၂ဝဝဝ အတွင်း၊ 'ခ' လိုင်စင်သက်တမ်း ငါးနှစ်အတွက် အနည်းဆုံးကျပ် ၂ဝဝဝဝ မှကျပ် ၅ဝဝဝဝ အတွင်း၊ 'ဂ'လိုင်စင်အတွက် သက်တမ်း ငါးနှစ်အတွက်အနည်းဆုံးကျပ်၂ဝဝဝဝ မှ ကျပ်၆ဝဝဝဝအတွင်း၊ 'ဃ' လိုင်စင်သက် တမ်း သုံးနှစ်အတွက် အနိမ့်ဆုံးကျပ် ၂ဝဝဝဝ မှ ကျပ် ၆ဝဝဝဝ အတွင်း၊ 'င'လိုင်စင် သက်တမ်းသုံးနှစ်အတွက် အနည်းဆုံး ကျပ် ၃ဝဝဝဝ မှ ၇၅ဝဝဝ အတွင်း၊ 'ဌ'၊'ဟ' လိုင်စင်သက်တမ်း ငါးနှစ်အတွက် အနိမ့်ဆုံးကျပ် ၆ဝဝဝ မှ ကျပ်၃ဝဝဝဝအတွင်းယာဉ်အကူလက်မှတ် သက်တမ်းငါးနှစ်အတွက် အနိမ့်ဆုံးကျပ် ၆ဝဝဝ မှကျပ် ၁၅ဝဝဝ အတွင်း၊ှီုဏ သက်တမ်းတစ်နှစ်အတွက် ကျပ်၁၅ဝဝဝဝ၊ နိုင်ငံခြား လိုင်စင်မှ 'ခ'လိုင်စင်ပြောင်း သက် တမ်းငါးနှစ်အတွက် အနိမ့်ဆုံးကျပ် ၁ဝဝဝဝဝမှကျပ်၁၅ဝဝဝဝအတွင်း၊ ယာယီ မောင်းနှင်ခွင့်လက်မှတ်သက်တမ်းတစ်နှစ် အတွက် ကျပ် ၁ဝဝဝဝဝ စီ တိုးမြှင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။