images
UN
UN
ကမ္ဘောဇဘဏ်မှ m Banking ဝန်ဆောင်မှု ဆင်ပြေစေရန် နောက်ဆုံးပေါ်လုံခြုံရေးနည်းပညာအသစ်များဖြင့် အဆင့်မြှင့်တင်ထား
ခိုင်မာ Sunday, 07 October 2018
ကမ္ဘောဇဘဏ်မှ ၄င်း၏ m Banking အက်ပလီကေးရှင်းကို လုံခြုံစိတ်ချမှုရှိပြီး အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် လုံခြုံရေး ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အသစ် များဖြင့် အဆင့်မြှင့်တင်ခဲ့ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
''အခုဆိုရင် ကျွန်တော်တို့ရဲ့m Banking လုံခြုံရေး လုပ်ဆောင် ချက်အသစ်တွေနဲ့ သုံးစွဲသူတွေဟာ ပုံမှန် ဘဏ်လုပ်ငန်းကိစ္စတွေကို ပိုပြီးလုံခြုံမှုရှိရှိ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပြီပဲ ဖြစ်ပါတယ်'' ဟု ကမ္ဘောဇဘဏ်၏ Senior GM of Transactional Banking ဖြစ်သူ Mr. Robin Chua က ပြောသည်။
အဆိုပါ လုပ်ဆောင်ချက် အသစ်များထဲမှတစ်ခုမှာ အသုံးပြု သူများအနေဖြင့် ၄င်းတို့၏ mBan-king အကောင့်သို့ ဝင်ရောက်ရာ တွင် ပိုမိုမြန်ဆန်ပြီး အလွယ်တကူ ဝင်ရောက်နိုင်သော လက်ဗွေရာ အသုံးချကိုယ်ပိုင်အမှတ်လက္ခဏာ မှတ်သားနိုင်ခြင်း စနစ်(Biometric System) အသစ်တစ်ခုဖြစ်သည်။
အခြားလုပ်ဆောင်ချက်တစ်ခု မှာ တစ်ခါသုံး လျှို့ဝှက်ကုတ်ကို အလိုအလျောက်ဖြည့်ပေးနိုင်သော စနစ်အသစ်(Auto OTP) ဖြစ်ပြီး အသုံးပြုသူ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် သေသေချာချာ စစ်ဆေးကာ လျှို့ဝှက်ကုတ်ကို mBanking အက်ပလီကေးရှင်းသို့ တိုက်ရိုက်ပို့ပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် အသုံးပြုသူများမှာ စာဖြင့် SMS ပေးပို့လိုက်သော တစ်ခါသုံး လျှို့ဝှက်ကုတ်ကို ကိုယ် တိုင်ပြန်လည်ရိုက်ထည့်ရန်မလိုအပ် တော့သဖြင့် အခက်အခဲမရှိ ဆက် လက်အသုံးပြုနိုင်မည်ဖြစ်သည်။
ကမ္ဘောဇဘဏ်၏ mBankingအက်ပလီကေးရှင်းကို Google Play Store နှင့်Apple Store တို့ တွင် ရရှိနေပြီဖြစ်သည်။ အသေး စိတ်သိရှိစုံစမ်းလိုပါက ဘဏ်ဝန် ဆောင်မှု သုံးစွဲသူများအနေဖြင့် www.kbzbank.com တွင်လည်း ကောင်း၊ ဘဏ်၏ Customer Service ဌာန၊ဖုန်းဝ၁-၉၆၇ဝ၁ဝ၁ နှင့် ဝ၁-၃၇ဝ၁ဝ၉ တို့သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ကြောင်း သိရသည်။