ဘီလူးကျွန်းတွင် ရော်ဘာခြံလုပ်ငန်းခွင်စတင်လုပ်ဆောင်
နိုင်နိုင်(မွန်)
Sunday, 07 October 2018
''ဘီလူးကျွန်းဒေသ ချောင်း ဆုံမြို့နယ်၌ ယခုသီတင်းပတ်များ အတွင်းမိုးလျော့နည်းလာပြီဖြစ် ရာ စက်တင်ဘာလကုန်ပိုင်းတွင် ရော် ဘာခြံလုပ်ငန်းခွင်စတင်ခဲ့ကြောင်း သိရသည်။
''ရော်ဘာခြံလုပ်သားတွေက ရော်ဘာ အစေးခြစ်နိုင်ဖို့ ရော်ဘာ လိုင်းရှင်း၊မြေသြဇာကျွေး၊ အစေးခံ ခွက်တွေ ပြင်ဆင်တာတွေလုပ်နေ ပါပြီ။ အပင်သစ်တွေက မိုးမပြတ် ရင်အပင်နာမှာစိုးလို့ အစေးလှီးတာ မတွေ့ရသေးဘူး၊ အပင်အို၊ အပင် ဟောင်းတွေက တချို့ခြံတွေမှာ အစေးလှီးနေကြပြီ''ဟု ကတောင် စိန်ကျေးရွာမှ ရော်ဘာခြံလုပ်သား ဦးငယ်က ပြောသည်။
ဒေသပေါက်ဈေးမှာ ရော်ဘာ အလွတ်ပြား တစ်ပေါင်လျှင် ကျပ် ၈၅ဝ၊ ရက်အတန်ကြာ နေလှန်း အခြောက်ခံပြီး အစိုပြားတစ်ပေါင် လျှင်ကျပ်၇ဝဝ မှကျပ် ၇၂ဝ အထိ ဈေးနှုန်းများရှိကြောင်း သက္ကော ကျေးရွာနေ ရော်ဘာရောင်းဝယ်သူ ဒေါ်လဲ့ဝင်းကပြောသည်။
ချောင်းဆုံမြို့နယ်ရှိ လမ်းဘေး အချက်အချာကျသော နေရာများ တွင်ရော်ဘာခြံတစ်ဧကလျှင် ကျပ် သိန်း၁ဝဝဝ နှင့်အထက်ရှိကြောင်း၊ အသွားအလာခက်ခဲသောနေရာများ တွင် ခြံတစ်ဧကလျှင် အနည်းဆုံး ကျပ်သိန်း ၁ဝဝ ဝန်းကျင်ရှိနေ ကြောင်း၊ ရော်ဘာခြံလုပ်ကိုင်သူ အများစုမှာ မိသားစုတစ်ပိုင်တစ် နိုင်လုပ်ကိုင်ကြသူများဖြစ်ကြောင်း ၄င်းကပြောသည်။
''ချောင်းဆုံမြို့နယ်က အစေး ခြစ်လုပ်သားတွေ သံဖြူဇရပ်၊ရေး၊ ကရင်ပြည်နယ်တို့မှာ ရွှေ့ပြောင်း လုပ်သားအဖြစ်နဲ့ သွားရောက်လုပ် ကိုင်ကြတဲ့လူတွေလည်းရှိတယ်။ အစေးခြစ်လုပ်အားခအနေနဲ့ အရိုင်း ပင်က ခြံရှင်နဲ့ လုပ်သားထက်ဝက် နှုန်း၊ ကိုင်းဆက်က ခြံရှင်ခြောက်ပုံ လုပ်သားကလေးပုံနှုန်းထားနဲ့အကျိုး အမြတ်ခွဲဝေကြတယ်''ဟု ကတောင် စိန်ကျေးရွာမှ ရော်ဘာခြံရှင် ဦးဖိုး ညှာက ပြောသည်။