images
UN
UN
ဒီမိုကရေစီရေး လူ့အခွင့်အရေး လောင်းရိပ်အောက်ရောက်နေသော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
ဒဂုံသန်းမြင့် Sunday, 07 October 2018
''နိုင်ငံတော်တည်ဆောက်ရေး၊ ကာ ကွယ်ရေးစသည့်နယ်ပယ်များကို အောင် အောင်မြင်မြင်စီမံအုပ်ချုပ်နိုင်ရန်အတွက် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်၊ တစ်နည်း အားဖြင့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်များ ကို လှုံ့ဆော်မှုပြုနိုင်သည့် အရည်အသွေးစစ် မှန်မြင့်မားသော ရိုးရာယဉ်ကျေးမှု အနု သုခုမပညာရပ်များသည် မရှိမဖြစ်လိုအပ် ကြောင်း စာပေ၊ ဂီတ၊ သုခုမနှင့် အား ကစားများသည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ ကို ခိုင်မာစေသည့်တွန်းအားများဖြစ် ကြောင်း'' တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ် ဖွဲ့အတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ၃-၉-၂ဝ၁၈ နေ့ဖွင့်ပွဲအခမ်းအနားတွင်ပြော ကြားကြောင်း သတင်းစာအချို့တွင် ဖတ် လိုက်ရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ယင်းတိုက်တွန်းပြော ကြားချက်ကို ပြည်သူတစ်ဦးအနေဖြင့် လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုလိုက်ပါ ကြောင်း ယနေ့ခေတ်အခြေအနေကို ထင် ဟပ်၍ တင်ပြပြောကြားလိုက်ရပါသည်။
ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးဆိုသည့် တွေးခေါ်မြော်မြင်မှုများက ပြည်သူအတွင်းနှင့် လူငယ်များအတွင်း လွှမ်းမိုးလျက်ရှိလေသည်။ နိုင်ငံအတွင်း အထူးသဖြင့် လူငယ်များအတွင်း၌ ဇာတိ သွေး၊ ဇာတိမာန် စိတ်ဓာတ်များ၊ မျိုးချစ် စိတ်ဓာတ်များသည် ရင်လေးဖွယ်ရာ အခြေ အနေအထိ ကွယ်ပျောက်လျက်ရှိနေကြပေ သည်။ ဤသည်ပင် တိုင်းပြည်၏ ကံကြမ္မာ တစ်ရပ် ဖြစ်လေသည်။
ယနေ့ခေတ်ကာလ နိုင်ငံရေးရာ အဖြာ ဖြာကို စဉ်းစားတွေးခေါ် ဖော်ဆောင်ကြရာ ၌ ပထဝီနိုင်ငံရေး (Geopolitical) ဆိုသည် မှာ အခရာကျသော မဟာဗျူဟာအခင်း အကျင်းဖြစ်နေပေသည်။ ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်တွေ့ကြုံ ဖြေရှင်းနေရသည့် ပြည် တွင်း ပြဿနာ၊ ပြည်ပပြဿနာများသည် လည်း ဤပထဝီနိုင်ငံရေး (Geopolitical) ပြဿနာကြောင့်ပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်အားဖြင့် ၁၃၈၄ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၆ မိုင်၊ ထိုင်းနိုင်ငံနှင့် ၁၃ဝ၄ မိုင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ၁၆၉ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၉ဝ၃ မိုင်ဆက်စပ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ကမ်း ရိုးတန်းနယ်နိမိတ်မှာ ၁၃၈၅ မိုင်နှင့် အပြည် ပြည်ဆိုင်ရာနယ်နိမိတ်မှာ ၃၉ဝ၆ မိုင် ထိစပ်လျက်ရှိနေသည့် နိုင်ငံဖြစ်လေသည်။
ထို့ပြင် လူဦးရေအားဖြင့် သန်းပေါင်း ၁၃ဝဝ ကျော်ရှိနေသည့် နိုင်ငံများလည်း တည်ရှိနေပေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကဲ့သို့ လူဦးရေ တိုးပွားနှုန်းပေါက်ကွဲနေ သည့် သန်းပေါင်း ၁၈ဝ နီးပါးရှိနေသည့် နိုင်ငံနှင့်လည်း ဆက်စပ်လျက်ရှိသည့်အပြင် မိမိတို့နိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် ရွှေ့ ပြောင်း ခိုးဝင်နေသည့်ဖြစ်ရပ်များနှင့်လည်း တွေ့ကြုံရင်ဆိုင်ဖြေရှင်းနေရသည့် အခြေ အနေများမှာ နိုင်ငံသားတိုင်း သတိပြုကြ ရမည့် နိုင်ငံရေးကိစ္စဖြစ်ပေသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသားတိုင်း အထူး သဖြင့် တိုင်းပြည်၏ အနာဂတ်ကာလကို ဆက်ခံကြရမည့် လူငယ်များသည် မျိုး ချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့် စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်များကို အခိုင်အမာ ကိန်းအောင်း စွဲမြဲနေကြရမည်ဟု ခံယူမိပါသည်။ မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည် မှာ နေ့ချင်းတည်ဆောက်၍ရသည့်အရာ မဟုတ်ပေ။ ကောက်ရိုးမီးပမာ ထတောက် လိုက်၊ ငြိမ်းသွားလိုက်ဆိုသည်မျိုးလည်း လုပ်၍ရမည်မဟုတ်ပေ။ အခိုင်အမာ တည် ဆောက်ရမည့် စွဲစွဲမြဲမြဲခိုင်ခိုင်မာမာဖြင့် ကြံ့ခိုင်နေရမည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ် ရပေမည်။ တည်ဆောက်ထားရပေမည်။
မျိုးချစ်စိတ်နှင့်ပတ်သက်၍ မြန်မာ အဘိဓာန်တွင် 'မျိုးချစ်စိတ်ဆိုသည်မှာ တိုင်း ပြည်နှင့် လူမျိုးကိုချစ်ခင်သော စိတ်ဓာတ်' ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဗိုလ်မှူးဘသောင်း(မောင်သုတ) ရေးသည့် ဗမာ့တော်လှန်ရေး သမိုင်းစာအုပ်တွင် 'စိတ်ဓာတ်နှင့်ပတ်သက်၍ဆိုရသော် ဗမာ (မြန်မာ)များကား မျိုးချစ်စိတ်ဓာတ် အထူး ပြင်းထန်သော လူမျိုးဖြစ်သည်။ အမျိုးကို ထိလျှင် မချိအောင် နာတတ်သည်။ တစ်မျိုး လုံး၏ရန်သူကို တစ်မျိုးလုံးအြုံ<ွက၍ တစ်မျိုး လုံး လက်နက်စွဲကိုင်ကာ တိုက်တတ်၊ ခိုက် တတ်သည်။ ၁၉၄၅ ခုနှစ် မတ်လတော်လှန် ရေးကြီးက ထိုအချက်ကို အထူးသက်သေ ထူလျက်ရှိပေသည်'ဟူ၍ မျိုးချစ်စိတ်ဓာတ် ကို ရှင်းပြထားပါသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက-
'လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံ စားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီး လျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ် ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့်ဘာသာစကား တို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ် အလာဆန္ဒအပေါ်တွင် ဝံသာနုရက္ခိတတရား သည်တည်နေပေသည်'ဟူ၍ ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံသည့် မျိုးချစ်စိတ်ဓာတ် ကို ညွှန်းဆိုခဲ့ပါသည်။
မြန်မာတို့၏ အတိတ်ခေတ် သမိုင်းတစ် လျှောက်တွင် နိုင်ငံကို ခေါင်းဆောင်ခဲ့ကြ သည့် ခေါင်းဆောင်အသီးသီးတို့ကလည်း ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ကို အရေးတကြီး အလေး အနက်ထား ပြောကြားခဲ့သည်များ ရှိခဲ့ကြ လေသည်။'မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသည့် စိတ်၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကို ထိလျှင် မချိအောင်နာတတ်သည့် စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ ကိုယ့်တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမည်ဆိုသည့် စိတ်ဓာတ်မျိုး ပင် ဖြစ်သည်' ဟု ဖွင့်ဆိုမိန့်ကြားခဲ့သည် ကိုလည်း အမှတ်ရလျက် စွဲမြဲလျက်ရှိနေ လျက်ဖြစ်သည်။
၁၉၆၃ ခုနှစ် (၁၆) ကြိမ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၏ မိန့်ကြား ချက်သည် သမိုင်းဝင်၊ သမိုင်းတွင်၍ ယနေ့ တိုင် ရှင်သန်လျက်ရှိသည့် မိန့်ခွန်းဖြစ်၍ ထုတ်နုတ်တင်ပြအပ်ပါသည်။
''ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ သတ်မှတ်ထားတဲ့ ပထဝီမြေပေါ်မှာ ပေါက် ဖွားလာကြတဲ့ ပြည်ထောင်စုသားများရဲ့ စု ဝေးဆောင်ရွက်မှုဟာ တကယ်လိုတဲ့အချက်၊ မရှောင်သာတဲ့အချက်ဆိုတာ စွဲစွဲမြဲမြဲနား လည်ဖို့လိုပါတယ်။ ညီညွတ်မှုမရှိ တစ် ယောက်တစ်ပေါက်လုပ်ကြရင် အားလုံး ပျက်စီးဆုံးရှုံးမှုရလဒ်သာရှိမယ်ဆိုတာ နား လည်ဖို့လိုသလို ညီညီဖြဖြဆောင်ရွက်ကြ ရင် အားလုံးအကျိုးအမြတ်ရှိမယ်ဆိုတာနား လည်ဖို့လိုပါတယ်။ ခေါင်းဆောင်ကြီးဗိုလ် ချုပ်အောင်ဆန်းနှင့် အခြားအခြားသော ပြည် ထောင်စုခေါင်းဆောင်ကြီးများဟာ အမြော် အမြင်ကြီးစွာဖြင့် ပင်လုံအစည်းအဝေးမှ ပြည်ထောင်စုစည်းလုံးညီညွတ်မှုကို စတင် မျိုးစေ့ချခဲ့ကြပါတယ်။ အဲ့ဒီမျိုးစေ့ကလေး အတက်ပေါက် အညှောင့်ပြူစအချိန်မှာ ဗိုလ် ချုပ်တို့ ကျဆုံးခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ ဆက်ဆံရေးညံ့မှုလောင်းရိပ်၊ ဆက်ဆံရေး ညံ့မှုမှပေါက်ဖွားတဲ့ အထင်အမြင်လွဲမှု လောင်းရိပ်၊ ဒီ့အပြင် ပြည်ထောင်စုအား နည်းရေး ဖြိုဖျက်ရေးကို မနားမနေဆောင် ရွက်နေတဲ့ အတွင်းအပြင် အင်အားစုတို့ရဲ့ အခွင့်ရတိုင်း၊ အခွင့်မရရင်လည်း ရအောင် ကြံဖန်ပြီးရေနွေးဖျောမှုတို့ကြောင့် အညှောက် အတက်ထွက်စ ပြည်ထောင်စုစည်းလုံးရေး သစ်ပင်ကလေးမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက လုံးလုံးဇီဝိန်ချုပ်ရတော့မလိုဖြစ် ခဲ့ရပါတယ်''။
ဤမိန့်မှာချက်သည် ယနေ့တိုင် သတိ ပြုရမည့်၊ သတိထားကြရမည့်မိန့်မှာချက် ဖြစ်လျက်ရှိနေပေသည်။
မြန်မာနိုင်ငံသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အတိုင်း ဒီမို ကရေစီနိုင်ငံတော်ကို တည်ဆောက်လျက်ရှိ နေပေသည်။ အသွင်ကူးပြောင်းရေးကာလ တစ်ရပ်ကို ဖြတ်ကျော်နေကြရပါသည်။ ဒီမို ကရေစီနိုင်ငံတော်တည်ဆောက်ရေးသည် နိုင်ငံသားအားလုံး၏တာဝန်လည်း ဖြစ်ပေ သည်။
ဒီမိုကရေစီနိုင်ငံရေးတည်ဆောက်မှုနှင့် အတူ ကပ်ပါလာသည့် လူ့အခွင့်အရေးဆို သည်ကား ဒီမိုကရေစီနိုင်ငံရေးစနစ်တည် ဆောက်သည်နှင့် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားတစ်ဦးချင်း၏ အခွင့်အရေးဆို သည်မှာ တစ်ပါတည်းပြဋ္ဌာန်းပြီးသားဖြစ် သည်။ ပါဝင်ပြီးသားဖြစ်သည်။
သို့ယနေ့လွှမ်းမိုးနေသည့် လူ့အခွင့်အရေး ဆိုသည်မှာ နိုင်ငံတကာက ပြဋ္ဌာန်းထား သည့် အနက်အဓိပ္ပာယ်များဖြင့် ဖွင့်ဆိုထား သည့် လူ့အခွင့်အရေးဖြစ်နေသည်ဟု နား လည်ထားပါသည်။ ယင်းအဓိပ္ပာယ်နှင့်အတူ အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်များကိုပါ လွှမ်းမိုးနေသည်ဟု အလေးအနက်ခံယူမိပါသည်။ ထို့ကြောင့် လည်း ယနေ့ဖော်ဆောင်လျက်ရှိသည့် ဒီမို ကရေစီရေးနှင့် လူ့အခွင့်အရေးဆိုသည်မှာ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်၊ နောက်ဆုံးပြည်ထောင်စုစိတ် ဓာတ်တို့ကိုပင် လွှမ်းမိုးလျက်ရှိသည်ဟု ခံစားမိပါသည်။
မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိ မာန်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဆို သည်မှာ နေ့ချင်းပြီးတည်ဆောက်၍ရသည့် အရာမဟုတ်ပေ၊ ခေတ္တခဏခံသည့်အရေခြုံ စိတ်ဓာတ်အခံလည်း မဟုတ်ပါပေ။ အချိန် နှင့်ဘဝများစွာပေးဆပ်ပြီးမှ တည်ဆောက်ရ ယူခဲ့ရသည့်အဖိုးအနဂ္ဃ ထိုက်တန်ပေသည်။


သမိုင်းသက်သေအားဖြင့် ရှင်းလင်းစွာ သိနိုင်ပေသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ ကျွန်ပြုမှုကို နှစ်ပေါင်း ၁ဝဝ ကျော် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။ သို့သော် မြန်မာတိုင်းရင်းသားတို့၏ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်အရင်းခံဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ အား တော်လှန်ခဲ့သည့် အရင်းအနှီးများကား ကြီးမား၊ များပြားလှပါသည်။ အသက် ပေါင်းများစွာ စတေးခဲ့ရသည်။ ပစ္စည်းဥစ္စာ များစွာဆုံးရှုံးခဲ့ရသည်။ စိတ်ဓာတ်ပေါင်း များစွာ နာကျင်စွာခံစားခဲ့ရလေသည်။အမျိုးသားစိတ်ဓာတ်ကို အခြေခံကြည့် သောအခါ အမျိုးတူ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ သားသမီး၊ မြေး၊ မြစ်၊ ညီအစ်ကို မောင်နှမတို့သည် တစ်အိမ်တည်းနေ၊ တစ် ရွာတည်းနေ၊ အမျိုးတူ၊ မိသားစုများ ပေါင်း မိသောအခါ မိသားစု (Family) များဖြစ် လာသည်။ ယင်းတို့စုပေါင်းနေထိုင်လာကြ သောအခါ ဆွေမျိုးစု (Clan) ဖြစ်လာသည်။ အမျိုးတူ၊ ဆွေမျိုးစုများ စုဝေးနေထိုင်လာ ကြသောအခါ လူမျိုးနွယ်စု (Tribe) ဖြစ် လာသည်။ အမျိုးတူ လူမျိုးနွယ်စုများစုဝေး နေထိုင်လာကြသောအခါ ယင်းအစုအဝေး ကို တိုင်းရင်းသားလူမျိုးများ(National Race)ဖြစ်လာကြသည်။ ယင်းတိုင်းရင်း သားလူမျိုးစုများ စုပေါင်းနေထိုင်လာကြ သောအခါ လူမျိုး(Nationality)ဟူ၍ ခေါ် ကြလေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် နှစ်ပရိစ္ဆေဒ မြောက်မြားစွာ စုပေါင်းနေထိုင်လာခဲ့ကြ သည့် တိုင်းရင်းသားလူမျိုး ၁ဝဝ ကျော်ရှိ သည်ကို တရားဝင်အတည်ပြုပြီးဖြစ်ပေ သည်။ နယ်မြေရလိုမှုဖြင့် တီထွင်လုပ်ကြံ ဖန်တီးလာကြသော သွေးသားမည်သို့မှ ဆက်စပ်ခြင်းမရှိသည့် လူမျိုးတစ်မျိုးအဖြစ် လိမ်ညာနေကြခြင်းဖြစ်ပေသည်။ ကမ္ဘာ့ ကုလသမဂ္ဂအထိ ထိုးဖောက်ဝင်ရောက်လိမ် ညာနေကြခြင်းဖြစ်သည်ဟု အခိုင်အမာဆို ရမည်ဖြစ်သည်။ လုပ်ဇာတ်ဆင်ပြီးလူမျိုး အရ နယ်ချဲ့ရန်စိုင်းပြင်းနေခြင်းသာဖြစ်သည် ဟု သတ်မှတ်ရပါမည်။
မြန်မာနိုင်ငံ မြန်မာတိုင်းရင်းသားတို့ အေးချမ်းတည်ငြိမ်စွာနေထိုင်လာခဲ့သော် လည်း နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ ၏ သယံဇာတပြေါ<ွကယ်ဝမှုကို အာသာငမ်း ငမ်းတပ်မက်လာပြီး ၁၈၂၄ ခုနှစ်တွင် တစ် ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၈၈၅ ခုနှစ်တွင်တစ်ကြိမ် စစ်သုံးကြိမ် နယ်ချဲ့စစ်ခင်း၍ မြန်မာတစ်နိုင်ငံလုံးအား ၁၈၈၆ ခုနှစ်တွင် အပြီးအပိုင် ကျွန်ပြုလိုက် လေသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတိုင်း ရင်းသားတို့၏ တော်လှန်ရေးဆန့်ကျင်တိုက် ခိုက်ခြင်းကို အကြိမ်ကြိမ်၊ အမျိုးမျိုးရင်ဆိုင်ခဲ့ ကြလေသည်။ မြန်မာတိုင်းရင်းသားတို့၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးစိတ် ဓာတ်ကို နယ်ချဲ့အင်္ဂလိပ်တို့ ကိုယ်တွေ့ခံ စားခဲ့ကြရလေသည်။
မြန်မာနိုင်ငံ၏ အထွေထွခေတ်နောက် ကျမှု၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးစသည် တို့၏ ခေတ်နောက်ကျမှုကို အခွင့်ကောင်း ယူ၍ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ့သယံ ဇာတများကို စိတ်ကြိုက်ထုတ်ယူခဲ့သည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးအချင်းချင်းကို လည်း သွေးခွဲ၍ အုပ်ချုပ်ခဲ့လေသည်။ ရာ သက်ပန်ကျွန်ပြုထားလိုစိတ်ရှိကြလေသည်။
သို့သော် မြန်မာနိုင်ငံ၏နိုင်ငံရေးတွင် ခေတ်လူငယ်များ အထူးသဖြင့် ခေတ်အမြင် ခေတ်အတွေးရှိကြသည့် တက္ကသိုလ်ကျောင်း သားများဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ စသည့်လူငယ် ခေတ်ပညာတတ်များ ပါဝင်လာသောအခါ မြန်မာ့နိုင်ငံရေးသည် ပိုမိုထက်မြက်လာ သည်။ ပြည်သူတို့၏ပူးပေါင်းပါဝင်မှု ပိုမို တက်ကြွလာကြသည်။ လူငယ်များသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးစိတ် ဓာတ်ကို ပြည်သူလူထုအတွင်း လှုံ့ဆော် ခြင်း၊ စည်းရုံးခြင်းဖြင့် အမျိုးသားရေးအင် အားစုကြီး ဖြစ်ပေါ်လာခဲ့လေသည်။
လူငယ်ထုအတွင်း၌ နိုင်ငံတကာ နိုင်ငံ ရေးအမြင်များရရှိလာကြသည်နှင့်နိုင်ငံရေး အယူအဆများ၊ ဝါဒများ ကွဲပြားလာကြပေ သည်။ သို့သော် ဘုံရည်မှန်းချက်မှာကား နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက် ရေး နှင့်မျိုးချစ်စိတ်ဓာတ်များကား မည်သူ ကမျှ သွေဖည်သည်ဟူ၍မရှိကြပေ။ အုပ်စု ကွဲ၊ အယူအဆကွဲသော်လည်း အမျိုးသား ရေးအကျိုးစီးပွားဖော်ဆောင်ရေးမှာ ကွဲပြား ခြင်းမရှိခဲ့ပေ။
သို့ဖြင့် အမြင်မတူ၊ ဝါဒမတူသူ ဂိုဏ်း ကွဲများစုပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်မှုဖြင့် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးနှင့် ဒုတိယအကျော့ မြန်မာပြည်ထဲပြန်ဝင်လာ သည့်နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်တိုက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာသိကြေညာနိုင်ခဲ့လေသည်။
သို့သော် လွတ်လပ်ရေးရပြီးသော်လည်း ဝါဒရေးတိုက်ပွဲ၊ ဂိုဏ်းဂဏဝါဒစွဲတို့ကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ နှစ်ပေါင်း ၇ဝ ကျော် ယနေ့တိုင်ပင်ဖြစ်သည်။ ခေတ်အမျိုး မျိုး၊ စနစ်အမျိုးမျိုးသည်လည်း ပြောင်းလဲ ခြင်းဖြင့် နိုင်ငံရေးသံသရာလည်ပတ်လျက် ရှိလေသည်။ မျိုးဆက်တစ်ဆက်ပြီးတစ် ဆက်ဖြစ်လေသည်။
သို့သော် မပြောင်းလဲသည်မှာ မျိုးဆက် သစ်လူငယ်ဟူသည့် Generation မျိုးဆက် သစ်ပင်ဖြစ်သည်။ ယင်းမျိုးဆက်သစ်များ ကို အမျိုးသားရေးစိတ်ဓာတ်၊