images
UN
UN
သီတဂူဆရာတော်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် စစ်ကိုင်းကောင်းမှုတော်စေတီကြီးကို ဆေးသင်္ကန်းကပ်လှူမည်
ခိုင်မာ Sunday, 07 October 2018
ရွှေချစ်သူများအဖွဲ့နှင့်ထုံးချစ်သူ များအဖွဲ့မှ စစ်ကိုင်းမြို့ ရာဇမဏိ စူဠာကောင်းမှုတော်စေတီကြီးကို ဆေးသင်္ကန်းပြန်လည်ကပ်လှူမည် ဖြစ်ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီး ဦးဆောင်လမ်းညွှန် မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီက သီတဂူသာသနာပြုအဖွဲ့မှ ဗိသုကာ ပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကောင်းမှုတော်စေတီဂေါပကအဖွဲ့ ဝင်လူကြီးများသည်စေတီတော်ကြီး အားခေတ်မီအဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူရန်အတွက်ကောင်း မှုတော်စေတီတွင်အစည်းအဝေးပြု လုပ်ခဲ့ကြသည်။အစည်းအဝေးကို သီတဂူဆရာတော်ကိုယ်တိုင်တက်ရောက်ပြီး စေတီတော်ကြီးအား အဖြူရောင်ဆေးသင်္ကန်းကပ်လှူပူဇော်မည့်အစီ အစဉ်များကိုချမှတ်ခဲ့ပြီး grinder ဖြင့် ဘုရားကြီးကို သန့်ရှင်းရေးပြုလုပ်မည်။ အက်ကွဲကြောင်းများ၊ အပဲ့များရှိခဲ့ပါက ပြင်ဆင်မည်။လိုအပ်ပါက high pressure jet ဖြင့် သန့်ရှင်းရေးထပ်မံလုပ်ဆောင်မည်။ cleanerဖြင့် ထပ်မံပြီးသန့်ရှင်းရေးလုပ်မည်။flexible protective coating သုတ်မည်။ primer သုတ်မည်။mineral paint ဆေးကို နှစ်ထပ် သို့မဟုတ် သုံးထပ်သုတ်မည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် စေတီတော်ကြီးကို ကပ်လှူပူဇော်မည့် သုတ်ဆေးအမျိုးအစားသည် လေဝင်လေထွက်ရသော သုတ်ဆေး ဖြစ်သည့်အတွက် ရေခိုးရေငွေ့များ အပြင်သို့ထွက်နိုင်သောကြောင့် ဆေးများအဖတ်လိုက်ကွာခြင်းမရှိ ဆေးရောင်လည်း ကြာ ရှည်ခံမည်ဖြစ်သည်။