images
UN
UN
အထည်ချုပ်စက်ရုံကိစ္စ လက်ရှိအစိုးရ မဖြေရှင်းပေးသည့်အတွက် ဝန်းရံလှုပ်ရှားသူအင်အားစုများ ဆန္ဒထုတ်ဖော်
ကျော်မောင်ခင် Sunday, 07 October 2018
အလုပ်သမားသပိတ် အမြန်ဆုံး ဖြေရှင်းပေးရန် ဝန်းရံလှုပ်ရှားသူများ ဆန္ဒပြတောင်းဆိုပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ၄၈ ရက်ကြာ အထည် ချုပ် အလုပ်သမားများ၏ အလုပ် သမားသပိတ်ကို ယနေ့အထိ လက်ရှိ အစိုးရက မဖြေရှင်းပေးသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ထားရခြင်း ဖြစ်ပြီး တောင်းဆိုမှုလေးချက်ကို တောင်းဆိုခဲ့သည်။အဆိုပါတောင်းဆိုချက်များမှာ အလုပ်သမားသပိတ်ကို အစိုးရ မှချက်ချင်းဖြေရှင်းပေးရေး၊ အလုပ်သမားသမဂ္ဂကိုဖြိုခွဲနေသော အလုပ်ရှင်အား အရေးယူပေးရေး၊ အလုပ်သမားအခွင့်အရေးကာ ကွယ်သောဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရေး၊ မြန်မာနိုင်ငံသားအလုပ် သမားများအား နိုင်ငံခြားသားလုပ်ငန်းရှင်များမှ ဥပဒေမဲ့ဖိနှိပ်များကို မြန်မာအစိုးရမှ ချက်ချင်းအရေးယူပေးရေးစသည့် အချက်လေးချက် ကို တောင်းဆိုခဲ့ကြောင်း သိရသည်။