images
UN
UN
တောင်သမန်အင်းအတွင်း ငါးဖမ်းသည့် ရေလုပ်သားများ ပုံမှန်ဝင်ငွေရရှိနေ
နွေနဒီ(မြစ်ငယ်) Monday, 08 October 2018
တောင်သမန်အင်းအတွင်း ငါးဖမ်းသူငါးမျှားသူများ နေ့စဉ်ပုံမှန် ဝင်ငွေရလျက်ရှိသည်။ အင်းအတွင်းငါးဖမ်းသည့် ရေလုပ်သားများ မှာ လွတ်လပ်စွာငါးဖမ်းခွင့်ရရှိ နေသည့်အတွက် ကွန်၊ ပိုက်မှအစ ငါးဖမ်းကိရိယာမျိုးစုံဖြင့် ငါးဖမ်းကြသည်။ ပိုက်တန်းသူတစ်ဦးလျှင် အနည်းဆုံးပိုက် ၁ဝ လက် (၁ဝခွေ)ကျော်ကိုင်ကာ ငါးဖမ်းခြင်း လုပ်ငန်းကိုလုပ်ကိုင်ကြသည်။
ပိုက်တစ်ခွေလျှင် ငွေကျပ်၃၅ဝဝမှ ၄ဝဝဝ ကျော်ပေးရသည်။သာမန်လက်လုပ်လက်စားသမားများပင် ယခုနှစ် ရေကျချိန်တွင် ငါးဖမ်းခြင်းလုပ်ငန်း လုပ်ကိုင်သည်များလည်းရှိလာကြောင်း သိရ သည်။
ငါးဖမ်းရာတွင် မွန်းလွဲပိုင်းထက် ညပိုင်းပိုက်တန်း(ပိုက်ထောင်) သူများပြားလျက်ရှိသည်။ တောင်သမန်အင်းအတွင်း နေ့စဉ် ငါးဖမ်း သည့်လှေများအပြင် ငါးမျှားတံဖြင့်ငါးမျှားသူများ နေ့စဉ်များပြား လျက်ရှိသည်။ ငါးများကိုဖောက်သည်ပေးခြင်း၊ ရပ်ရွာအတွင်းတိုက် ရိုက်ရောင်းချခြင်းများပြုလုပ်သည်။ ငါးဈေးကွက်မှာမူ အတက် အကျရှိသည်။
တောင်သမန်အင်းအတွင်းမှ ကကတစ်ငါးများကိုအများဆုံး ဖမ်းမိသည်။ ကကတစ်ငါးတစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ရောင်းချပြီး တစ်ဦးလျှင်အနည်းဆုံး ၁ဝပိဿာမှ ပိဿာ ၂ဝ အထိရ ရှိကြောင်း သိရသည်။
အင်းအတွင်း လွတ်လပ်စွာငါးဖမ်းခွင့်ရသည့်အတွက် အခြေခံ ငါးဖမ်းလုပ်သားများမှာ အဆင်ပြေလျက်ရှိသည် ငါးဖမ်းသူ ငါးမျှား သူများလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ တောင်သမန် အင်းမှာ သဘာဝအတိုင်း ဧရာဝတီမြစ်အတွင်းထွက်သည့် တံတားဖြူ ရေထွက်ပေါက်ပါ ဖွင့်ပေးထားသည့်အတွက် ရှေးယခင်က ပုံစံ အတိုင်း ငါးဖမ်းချိန်ငါးဖမ်းကာ ရေကျချိန်တွင် မူရင်းလယ်စိုက်ပျိုး ခြင်းများကို လုပ်ကိုင်ကြသည်။ လက်ရှိကာလတွင် တောင်သမန် အင်းအတွင်း ငါးဖမ်းလှေများနေ့စဉ်များပြားပြီး ငါးဖမ်းလုပ်သား များ နေ့စဉ်ပုံမှန်ဝင်ငွေရလျက်ရှိကြောင်း သိရသည်။